တနင်္ဂနွေနေ့က ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆန်းဒါးလန်းက နယူးကာဆယ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။ နှစ်သင်းစလုံးဟာ အမှတ်ပေးဇယား အောက်ခြေမှာ ရုန်းကန်နေရတဲ့အသင်းတွေလည်း ဖြစ်ပါတယ်။
အိမ်ရှင် ဆန်းဒါးလန်းအတွက် ဦးဆောင်ဂိုးကို နယူးကာဆယ် နောက်ခံလူရဲ့ ဖျက်ထုတ်မှုကြောင့် ပင်နယ်တီကနေ ရသွားတာပါ။
ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် နယူးကာဆယ် နောက်ခံလူ အထုတ်ခံရပြီး ပင်နယ်တီပါ ပေးလိုက်ရပါတယ်။ အဲဒီပင်နယ်တီကို ဂျွန်ဆန်က သွင်းယူပါတယ်။ ဒီပွဲမှာ နယူးကာဆယ်က ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရသလို ဘောလုံးပိုင်ဆိုင်မှုလည်း အသာစီး ယူနိုင်ခဲ့ပါတယ်။
ဆန်းဒါးလန်းအတွက် ဒုတိယဂိုးကို ဂျုန်းစ်၊ တတိယဂိုးကို ဖလက်ချာက သွင်းယူပါတယ်။ ဆန်းဒါးလန်းအတွက်တော့ ဒီနှစ် ပရီးမီယားလိဂ် ရာသီ ၁၀ ပွဲမြောက်မှာ ပထမဆုံး နိုင်ပွဲရတာ ဖြစ်ပါတယ်။
ဒီပွဲနိုင်လို့ ဆန်းဒါးလန်းက ၆ မှတ်နဲ့ အဆင့် ၁၈ နေရာမှာ ရှိနေပြီး နယူးကာဆယ်ကလည်း ၆ မှတ်နဲ့ အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။
5 years Ago