ပရီးမီးယားလိဂ်တွင် လူငယ်ခြေတက်များကို နေရာပေးသည့်အသင်း နည်းပါး

A d v e r t i s e m e n t With Us

October 12, 2016

ပရီးမီးယားလိဂ်တွင် လူငယ်ခြေတက်များကို နေရာပေးသည့်အသင်း နည်းပါး

အင်္ဂလန် ပရီးမီးယားလိဂ်မှာ အင်္ဂလန်လူငယ်ခြေတက်လေးတွေကို နေရာပေး မြေ တောင်မြှောက်ပေးနေသည့် အသင်းတွေ နည်းပါးလာနေတယ်လို့ ဘောလုံးဆိုင်ရာ အချက်အလက် CIES က ထုတ်ပြန်ပါတယ်။ လူစာရင်းမှာ ပြည်တွင်းကစားသမား ၅၀ ရာနှုန်းကျော် နေရာပေးတဲ့  ပရီးမီးယားအသင်း ၄ သင်းသာရှိပါတယ်။ အဲဒီအသင်းတွေကတော့ ဘုန်းမောက် ၈၁ ရာခိုင်နှုန်း၊  ဘန်လေ ၆၂ နဲ့ ပဲလေ့စ် ၅၃ အဲဗာတန် ၅၂ ရာခိုင်နှုန်း အသီးသီးရှိပါတယ်။ ပရီးမီးယားထိပ်တန်းအသင်းတွေထဲ ပြည်တွင်းကစားသမား အသုံးပြုမှုမှာတော့ လီဗာပူး ၃၇ ၊ စပါး ၂၈ ၊ မန်ယူ ၂၆ ၊  အာဆင်နယ် ၂၃၊  မန်စီးတီး ၁၇ နဲ့ ချဲလ်ဆီး ၁၆ ရာခိုင်နှုန်း စီရှိကြပါတယ်။ ပရီးမီးယားလိဒ်မှာ အင်္ဂလန်လူငယ်တွေ နေရာမရဖြစ်နေတာတွေက  အင်္ဂလန် လက်ရွေးစင်အသင်းအပေါ် အကျိုးသက်ရောက်မူတွေ ဖြစ်စေတာပါ။
4 years Ago
Up