ဘောလုံးတိုးတက်ဖွံ့ဖြိုးရေးအတွက် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ဆန်းဒါးလန်းနဲ့ ရန်ကုန် ယူနိုက်တက် (YUFC) အသင်းတို့ ဆွေးနွေးကြပါတယ်။
လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ ကလပ်တွေနဲ့ ရန်ကုန် ယူနိုက်တက်က ပူးပေါင်းဆောင်ရွက်နေရာမှာ ပထမခြေလှမ်းအနေနဲ့ မတ် ၅ ရက်မှာ ဆန်ဒါးလန်းအသင်း နိုင်ငံတကာ ဘောလုံးဖွံ့ဖြိုးမှု အကြီးအကဲ ဂရာဟမ် ရော်ဘင်ဆင်နဲ့ YUFCကလပ် တာဝန်ရှိသူတွေ ဆွေးနွေးတာလို့ YUFC လူမှုရေး ကွန်ရက် ဖေ့ဘွတ်ခ်ပေါ်မှာ ရေးသားထားပါတယ်။
YUFC နဲ့ ဆန်းဒါးလန်းတို့ မိတ်ဖက် ပူးပေါင်းဆောင်ရွက်ရေး၊ ကလပ် ၂ သင်းအကြား ဘောလုံးတိုးတက်ရေးကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ အဓိကထား ဆွေးနွေးတယ်လို့လည်း ရေးသားထားပါတယ်။
မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားမှာတော့ YUFC က ၉ ပွဲကစား ၁၆ မှတ်နဲ့ အမှတ်ပေးဇယား နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။
6 years Ago