ပရီးမီးယားလိဂ်ကလပ်များ

July 15, 2017

ပရီးမီးယားလိဂ်ကလပ်များ ငွေကြေးသုံးစွဲမှု ယခင်နှ်စ်ထက် စံချိန်ထပ်တင်ရန် ရှိနေ

ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ငွေကြေးသုံးစွဲမှု ပမာဏဟာ ပြီးခဲ့တဲ့နှစ် ကထပ် စံချိန်ထပ် တင်ဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့တုန်းက ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ကစားသမား ခေါ်ယူမှုအတွက် အသုံးစားရိတ်ဟာပေါင် ၁ ဒသမ ၁၆၅ ဘီလီယံအထိ ရှိခဲ့တာပါ။ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာလည်း အပြောင်းအရွှေ့ပိတ်သိမ်းဖို့ တစ်လခွဲလောက်ကျန်ရှိသေး ပေမယ့် ပေါင်သန်း ၅၀၀ လောက် ငွေကြေးသုံးစွဲထားတာပါ။ ဒါကြောင့် သြဂုတ် ၃၁ ရက်မှာ ပိတ်သိမ်းမယ့် ပရီးမီးယားလိဂ် နွေရာသီအပြောင်းအရွှေ့ ကာလမတိုင်မီ အခုပမာဏထက် ပိုမိုများပြားလာဖို့ရှိပြီး ၂၀၁၆ နွေရာသီကထက် ပိုမိုများပြားဖို့ မျှော်မှန်းထားတာပါ။ လက်ရှိအချိန်မှာ မန်ယူအသင်းကခေါ်ယူခဲ့တဲ့ လူကာကူက ပေါင် ၇၅ သန်းနဲ့ ကစားသမားတစ်ဦးအတွက် အများဆုံးပေးချေရတဲ့ ပြောင်းရွှေ့ကြေးအဖြစ် စံချိန်တင်ထားပြီး သူ့နောက်မှာ အာဆင်နယ်အသင်းက ပေါင်၅၂ ဒသမ ၆ သန်းနဲ့ ခေါ်ယူခဲ့တဲ့ လာကာဇက်က ဒုတိယပြောင်းရွှေ့ကြေး အများဆုံးကစားသမား အဖြစ် မှတ်တမ်းဝင်နေပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ မပိတ်သိမ်းမီမှာ ပြောင်းရွှေ့ကြေး အများအပြားပေးချေရမယ့် နောက်ထပ်ကစားသမားတွေလည်း ရှိလာနိုင်တဲ့အတွက် ပြီးခဲ့တဲ့နှစ်ကအသုံးပြုခဲ့တဲ့ ပေါင် ၁ ဒသမ ၁၆၅ ဘီလီယံထက် ကျော်လွန်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။
4 years Ago

February 1, 2017

ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ပရီးမီးယားလိဂ်ကလပ်များ ပေါင် ၂၁၅ သန်း အသုံးပြုခဲ့

ပရီးမီးယားလိဂ် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်ကို ဇန်နဝါရီ ၃၁ ရက်က ပိတ်သိမ်းခဲ့ပြီး အပြောင်းအရွှေ့စုစုပေါင်း ပေါင် ၂၁၅ သန်း အသုံးပြုခဲ့ကြပါတယ်။ ဒီပမာဏဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အများဆုံး ငွေကြေးအသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ နွေရာသီ အပြောင်းအရွှေ့နဲ့ ဇန်နဝါရီ အပြောင်းအရွှေ့လို့ ခေါ်ကြတဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ စုစုပေါင်းမှာတော့ ပေါင် ၁ ဒသမ ၃၈ ဘီလီယံအထိ အသုံးပြုပြီး ကစားသမားတွေ ခေါ်ယူခဲ့ကြတာပါ။ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရက်ဖြစ်တဲ့ ဇန်နဝါရီ ၃၁ ရက်မှာလည်း ကစားသမား အပြောင်းအရွှေ့တွေ များပြားခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းက နာပိုလီတိုက်စစ်မှူး ဂါဘီယာဒီနီကို ပေါင် ၁၄ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဘန်လေအသင်းကလည်း နောဝစ်ခ်ျက ဘရက်ဒီကို ပေါင် ၁၃ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ်အသင်းက လီဗာပူးနောက်ခံလူ ဆာခို၊ ဆွမ်ဆီးအသင်းက အက်စတွန်ဗီလာ ကစားသမား ဂျော်ဒန်အာယူးတို့ကို အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ခေါ်ယူခဲ့ကြပါတယ်။ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းက ငွေအများဆုံး အသုံးပြုခဲ့ပြီး စုစုပေါင်းပေါင် ၄၈ သန်း ရှိခဲ့ပါတယ်။ ဥရောပလိဂ်တွေထဲမှာလည်း အင်္ဂလန် ပရီးမီးယားလိဂ်ကပဲ ငွေအများဆုံး အသုံးပြုတဲ့လိဂ် ဖြစ်ခဲ့ပါတယ်။
4 years Ago
Up