ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဂျိမ်းစ် ရော်ဒီဂွတ်က အသင်းမှာဆက်နေဖို့ အာမ မခံနိုင်တော့ဘူးလို့ ဝန်ခံ ပြောဆိုလိုက်ပါတယ်။
ကွင်းလယ်ကစားသမား ရော်ဒီဂွတ်ဟာ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ကမ်းလှမ်းမှုကိုလည်း တံခါးဖွင့်ထားတယ်လို့ ဆိုထားပါတယ်။
ကိုလံဘီယာလက်ရွေးစင် ကစားသမားဟာ နည်းပြ ဇီဒန်းလက်ထက်မှာ ပုံမှန် ကစားခွင့်ရဖို့အတွက် ရုန်းကန်နေရသူ ဖြစ်ပါတယ်။
ဗြိတိသျှမီဒီယာတခုဖြစ်တဲ့ မေရာကတော့ ချဲလ်ဆီးအသင်းက ရော်ဒီဂွတ်ကို ပေါင် ၇၅ သန်းပေးပြီး ကမ်းလှမ်းဖို့ လုပ်နေတယ်ဆိုပြီး ခန့်မှန်းထားပါတယ်။
အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြင်သစ်ကလပ် မိုနာကိုကနေ ၂၀၁၄ ကမ္ဘာ့ဖလားအပြီးမှာ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာတာပါ။
သူဟာ အသင်းအတွက် ၆၃ ပွဲ ကစားပေးထားပြီး ၂၁ ဂိုး သွင်းယူထားပါတယ်။
6 years Ago