ပရီးမိးယားလိဂ်

April 24, 2018

ဝေါလ်ကော့၏သွင်းဂိုးဖြင့် အဲဗာတန်က နယူးကာဆယ်ကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်က နယူးကာဆယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ နှစ်သင်းစလုံး အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပြီး ထိုးဖောက်ကန်သွင်းခွင့် မတိမ်းမယိမ်း ရှိခဲ့ပေမယ့် အိမ်ရှင် အဲဗာတန်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး နယူးကာဆယ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာတော့ အပြန်အလှန် ကစားခဲ့ပေမယ့် တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျနေခဲ့ပါတယ်။ အဲဗာတန်အတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၅၁ မိနစ်မှာ တိုက်စစ်မှူး ဝေါလ်ကော့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ အဲဗာတန်က အမှတ်ပေးဇယား အဆင့် ၈ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး နယူးကာဆယ်ကတော့ အဆင့် ၁၀ မှာပဲ ဆက်လက်ရပ်တည်နေပါတယ်။
3 years Ago
Up