ဒိန်းမတ်ကလပ် မတ်ဂျယ်လန်းအသင်းဟာ ဟော်ဆန်စ်နဲ့ အိမ်ကွင်းပွဲစဉ်ကို အသင်းရဲ့ယာဉ်ရပ်နားရာနေရာမှာ ပရိတ်သတ်တွေအတွက် ပရိုဂျက်တာနဲ့ ပြသပေးခဲ့ပါတယ်။
ဒိန်းမတ်လိဂ်ပွဲစဉ်တွေကို မေ ၂၈ ရက်က ပြန်လည်စတင်ခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မတ်ဂျယ်လန်းအသင်းက ဟော်ဆန်စ်အသင်းနဲ့ ဇွန် ၁ ရက်နေ့က ကစားခဲ့တာပါ။
ကိုဗစ်-၁၉ အန္တရာယ်ကြောင့် ကွင်းပိတ်ကျင်းပခဲ့တာဖြစ်ပေမယ့် ပရိသတ်တွေကို ကွင်းထဲက ကားပါကင်မှာ ကြည့်ရှုနိုင်ဖို့အတွက် ပရိုဂျက်တာနဲ့ တိုက်ရိုက်ပြသပေးခဲ့တာပါ။
အိမ်မှာ ထိုင်ကြည့်နေရမှာနဲ့စာရင် ကွင်းထဲက ကားပါကင်မှာ အခုလို လာကြည့်ခွင့်ရတာက ပိုပြီးခမ်းနားတယ်လို့ ပရိသတ်တစ်ဦးက ပြောပါတယ်။
ဗိုင်းရပ်စ်ကာလမှာ ဒီလို ကြည့်ခွင့်ရဖို့ စီစဉ်တာက အလွန်ကောင်းမွန်တဲ့အစီအစဉ် ဖြစ်တယ်လို့လည်း နောက်ထပ်ပရိသတ်တစ်ဦးက ပြောပါတယ်။
မတ်ဂျယ်လန်းအသင်းဟာ ကားပါကင်နေရာ ၁၂,၀၀၀ ရှိရာမှာ ၂၀၀၀ လောက်မှာ ပရိသတ်တွေရဲ့ကားတွေ လာရောက်ရပ်နားပြီး အားပေးခဲ့ကြတယ်လို့ သိရပါတယ်။
မတ်ဂျယ်လန်းအသင်းဟာ ဟော်ဆန်စ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပေမယ့် ၉ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေဆဲ ဖြစ်ပါတယ်။
9 months Ago