ပရိသတ် ဝင်ရောက်ကြည့်ရှုခွင့်ပေး

A d v e r t i s e m e n t With Us

June 21, 2020

ပြင်သစ်လိဂ်ဘောလုံးပွဲစဉ်များကို ပရိသတ် ဝင်ရောက်ကြည့်ရှုခွင့် ပေးမည်

ပြင်သစ်အစိုးရဟာ လာမယ့်ဇူလိုင် ၁၁ ရက်ကစပြီးတော့ ဘောလုံးကွင်းတွေထဲကို ပရိသတ်တွေ ဝင်ခွင့်ပေးတော့မယ်လို့ သိရပါတယ်။  ပြင်သစ်နိုင်ငံမှာ အားကစားပွဲတွေကို သြဂုတ်လအထိ ကျင်းပခြင်းမပြုဖို့ သတ်မှတ်ထားပြီး လီဂူးဝမ်းပြိုင်ပွဲကိုလည်း အပြီးတိုင် ရပ်နားထားခဲ့တာပါ။  ဒါပေမဲ့ ပြင်သစ်လိဂ်ဖလားနဲ့ ရှုံးထွက်ဖလားဗိုလ်လုပွဲစဉ်တွေကိုတော့ အစိုးရရဲ့ ခွင့်ပြုချက်ရတဲ့အချိန် ကျင်းပသွားမှာဖြစ်ပါတယ်။  ဒါကြောင့် အဲဒီဖလားဗိုလ်လုပွဲတွေမှာ ပရိသတ် ၅၀၀၀ လောက် ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး ကပ်ရောဂါ အခြေအနေအလိုက် ပြောင်းလဲမှုရှိတယ်လို့ သိရပါတယ်။  လာမယ့် ၂၀၂၀-၂၀၂၁ ပြင်သစ် လီဂူးဝမ်းရာသီသစ်ကိုတော့ သြဂုတ် ၂၂ ရက် ပြန်လည်စတင်ဖို့ရှိပြီး ပရိသတ် ၅၀၀၀ လောက် ဝင်ရောက်ကြည့်ရှုခွင့်ပေးဖို့ အကြမ်းဖျင်း စီစဉ်ထားပါတယ်။  ဥရောပထိပ်တန်း လိဂ်ပြိုင်ပွဲ ၅ ခုထဲမှာ ပြင်သစ်လိဂ်က အခုနှစ်ရာသီကို ဖျက်သိမ်းလိုက်တဲ့ တခုတည်းသော လိဂ်ပြိုင်ပွဲဖြစ်ပါတယ်။  ဂျာမနီ၊ စပိန်၊ အင်္ဂလန်နဲ့ အီတလီ လိဂ်ပြိုင်ပွဲတွေမှာ ပရိသတ်မပါစေဘဲ ပြန်လည်ကျင်းပနေပါတယ်။
8 months Ago
Up