မြူးနစ်လေယာဉ်ပျက်ကျမှု အထိမ်းအမှတ်အဖြစ် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက် ဝုဗ်ဗာဟမ်တန်အသင်းနဲ့ ပွဲမှာ မန်ယူအသင်းတာဝန်ရှိသူတွေကို ပရိသတ်များ ဆန္ဒပြဖို့ ရှိနေပါတယ်။
ဝုဗ်နဲ့ ပွဲစဉ် ပွဲချိန် ၅၈ မိနစ်အတိမှာ ကွင်းထဲမှာပဲ ဆန္ဒပြဖို့ စည်းရုံးနေကြပြီး ဒါဟာ ၁၉၅၈ ခုနှစ် မြူးနစ်လေယာဉ်ပျက်ကျမူ အထိမ်းအမှတ်အနေနဲ့ ပွဲချိန် ၅၈ မိနစ်ကို ရွေးချယ်ပြီး ဆန္ဒပြဖို့ စီစဉ်တာလို့ Mirror သတင်းစာကဖော်ပြပါတယ်။
ယူနိုက်တက်အသင်း ပရိသတ်တွေဟာ ဘန်လေအသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်မှာကတည်းက ပွဲမပြီးခင် ကွင်းထဲကနေ ထွက်ခွာခဲ့ကြပါတယ်။
အသင်းရဲ့ခြေစွမ်းနဲ့ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမူအပေါ် ဒေါသထွက်ခဲ့ကြပြီး ပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုနဲ့ ဒုတိယဥက္ကဋ္ဌ အက်ဝုဒ်တို့ကို အဓိကထားပြီး ဆန္ဒပြ သွားမယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ အက်ဖ်အေဖလားပွဲစဉ်အဖြစ် ထရမ်မဲ ရိုဗာအသင်းနဲ့ ကစားရဖို့ရှိပြီး ဇန်နဝါရီ ၃၀ ရက်မှာတော့ မန်စီးတီးအသင်းနဲ့ ကရာဘောင်းဖလား ဆီမီးဖိုင်နယ်အဖြစ် ကစားရမှာဖြစ်ပါတယ်။
1 year Ago