ပရိသတ်တွေကို အံအားသင့်စေသည့် မန်ယူကစားသမားများ

April 6, 2016

ပရိသတ်တွေကို အံအားသင့်စေသည့် မန်ယူကစားသမားများ (ရုပ်သံ)

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းက ကစားသမားတွေဖြစ်တဲ့ ရွန်နီ၊ မာတာနဲ့ ကာရစ်တို့က လူတွေ အံအားသင့်အောင် အစီအစဉ်တခု လုပ်ဆောင်ခဲ့ပါတယ်။ ဖုန်းတွေကို ခွက်ထဲမှာထည့်၊ လူသွားလူလာများတဲ့ လမ်းမှာ ချထားပြီး ဖုန်းကင်မရာကတဆင့် ဒီဖုန်းကို ဘယ်သူရသွားသလဲ စောင့်ကြည့်ခဲ့ပါတယ်။ နောက်ဆုံး ဖုန်းကိုရသွားတဲ့အချိန်မှာ ဖုန်းခေါ်ဆိုပြီး သူတို့ဟာ မန်ယူကစားသမားတွေ ဖြစ်တဲ့အကြောင်းနဲ့ ဘောလုံးကွင်းကို လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒီနောက် ဘောလုံးပွဲကို လာရောက်ကြည့်ရှုဖို့ ဘောလုံးပွဲ လက်မှတ်တွေ ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံကို အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်ကို မတ် ၃၁ ရက်က တင်ခဲ့ပါတယ်။
7 years Ago
Up