ပရိသတ်များအနေဖြင့် ရွန်နီကို လေးစားသင့်ဟု နည်းပြ ဆောက်ဂိတ် ပြော

A d v e r t i s e m e n t With Us

October 10, 2016

ပရိသတ်များအနေဖြင့် ရွန်နီကို လေးစားသင့်ဟု နည်းပြ ဆောက်ဂိတ် ပြော

ရွန်နီကို လှောင်ပြောင်ကြတဲ့ အင်္ဂလန်ပရိသတ်တွေကို နားမလည်ကြောင်း အင်္ဂလန်နည်းပြ ဂယ်ရီဆောက်ဂိတ်က ပြောလိုက်ပါတယ်။ အင်္ဂလန်ပရိသတ်တွေဟာ ၀င်ဘလေကွင်းမှာ ကစားခဲ့တဲ့ မော်လ်တာနဲ့ပွဲမစခင် အသင်းလူစာရင်း ကြေညာရာ ရွန်နီရဲ့အလှည့်အရောက်မှာ လှောင်ပြောင်ခဲ့ကြတာပါ။ အသက် ၃၀ ရှိ ၀ိန်းရွန်နီဟာ မော်လ်တာနဲ့ပွဲမှာ ကွင်းလယ်ကစားသမားအဖြစ် ဟန်ဒါဆန်နဲ့ တွဲဖက်ကစားခဲ့ရပြီး ကမ္ဘာ့အဆင့် ၁၇၆ ရှိ မော်လ်တာအသင်းကို ကွင်းလယ်ပိုင်းမှာ အသာစီးရအောင် မကစားနိုင်ခဲ့တဲ့အတွက် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ရွန်နီကို လှောင်ပြောင်ခဲ့ကြတဲ့ အင်္ဂလန်ပရိသတ်တွေအနေနဲ့ အသင်းအတွက် ဂိုးအများဆုံးသွင်းထားပြီး ပွဲအရေအတွက်လည်း အများကြီးကစားထားတဲ့ ရွန်နီကို လေးစားသင့်တယ်လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။
4 years Ago
Up