ပရိသတ်တိုက်ခိုက်မှုကြောင့် ချီလီ ပရီးမီးယားလိဂ် ချန်ပီယံအသင်း အောင်ပွဲခံခွင့်မရ

December 8, 2015

ပရိသတ်တိုက်ခိုက်မှုကြောင့် ချီလီ ပရီးမီးယားလိဂ် ချန်ပီယံအသင်း အောင်ပွဲခံခွင့်မရ (ရုပ်သံ)

ချီလီနိုင်ငံက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပထမဆုရသွားတဲ့ ကိုလိုကိုလို ကလပ်အသင်း ချန်ပီယံ ဖြစ်ခဲ့ပြီးတဲ့နောက် ရန်ပွဲကြောင့် အောင်ပွဲမခံရဘဲ ဖြစ်ခဲ့ရပါတယ်။ ဆန်တီယာဂို ၀မ်းဒါရားအသင်းရဲ့ အီလပ်စ် ဖစ်ရော့ကွင်းမှာ ဒီဇင်ဘာ ၆ ရက်က မကစားမီ အိမ်ကွင်းပရိသတ်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ပွဲမကစားခင်မှာ မီးရှူးမီးပန်းတွေနဲ့ ​အိမ်ကွင်းပရိသတ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဘောလုံးပွဲကို ကစားခွင့်မရဘဲ ရပ်ဆိုင်းခဲ့ရပါတယ်။ ရဲတပ်ဖွဲ့တွေကလည်း ၀င်ရောက်ထိန်းသိမ်းခဲ့ရပြီး တာဝန်ရှိသူတွေက ပွဲကို ပယ်ဖျက်ခဲ့ပါတယ်။ ပွဲပယ်ဖျက်ခဲ့ပေမယ့်လည်း ပြိုင်ဘက် ကာတာလီကာက ရှုံးနိမ့်သွားတဲ့အတွက် အဖွင့်ဖလားပြိုင်ပွဲမှာ ကိုလိုကိုလိုအသင်းက ဗိုလ်စွဲသွားပါတယ်။ ချီလီနိုင်ငံ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ အဖွင့်ဖလားနဲ့ အပိတ်ဖလား ပြိုင်ပွဲ ၂ ခုကို ကျင်းပတာ ဖြစ်ပါတယ်။ ရုပ်သံ - SMH
6 years Ago
Up