ပရိသတ်တဦးကို ကန်ခဲ့သည့် အီဗရာကို မာဆေးပရိသတ်များ ဆန္ဒပြ

November 6, 2017

ပရိသတ်တဦးကို ကန်ခဲ့သည့် အီဗရာကို မာဆေးပရိသတ်များ ဆန္ဒပြ

အသင်းပရိသတ်တဦးကို ကန်ကြောက်ခဲ့တဲ့ အီဗရာကို မာဆေးပရိသတ်တွေက အသင်းကနေ နုတ်ထွက်သွားဖို့ ဆန္ဒရှိနေကြပါတယ်။ အသက် ၃၆ နှစ်ရှိ မန်ယူကစားသမားဟောင်း အီဗရာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့က ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်း လုပ်ရာမှာ မာဆေးပရိသတ်တဦးကို ကွန်ဖူးကစ်နဲ့ ကန်ခဲ့တာပါ။ အီဗရာကို ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူက အနီကတ်နဲ့ ထုတ်ပယ်ခဲ့သလို မာဆေးအသင်းကလည်း အသင်းလူစာရင်းကနေ ချန်လှပ်ထားပါတယ်။ အီဗရာအနေနဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ပီသဖို့လိုပြီး အသင်းရဲ့ ဂျာစီဝတ်ဖို့ မထိုက်တန်တဲ့သူဖြစ်တယ်လို့ ကိန်းနဲ့ကစားခဲ့တဲ့ပွဲမှာ ပရိသတ်တွေ ပိုစတာကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။ အသင်းပရိသတ်ကို တိုက်ခိုက်ခဲ့တဲ့ အီဗရာကို မာဆေးအသင်းနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးမှာဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ်တွေနဲ့ ဒဏ်ငွေတွေ ပြစ်ဒဏ်ချဖို့ရှိပါတယ်။
3 years Ago
Up