ပရိသတ်ကို ပေးထားသည့်ကတိ

April 8, 2018

ပရိသတ်ကို ပေးထားသည့်ကတိ တည်ခဲ့ဟု မော်ရင်ဟိုပြော

မန်​ချက်​စတာယူနိုက်​တက်​အသင်းရဲ့နည်းပြ​မော်​ရင်​ဟိုဟာ ပရိသတ်​​တွေ​ကို သူ​ပေးထား ခဲ့တဲ့ ကတိ တည်​ခဲ့ပါတယ်​။ ​မော်​ရင်​ဟိုအ​နေနဲ့ မန်​စီးတီးအသင်းဖလားရရှိတာကို မန်​ချက်​စတာယူနိုက်​တက်​အသင်း ပရိသတ်​​တွေ​ရှေ့မှာ မမြင်​​တွေ့​စေရဘူးလို့​ ပြောကြားထားခဲ့တာပါ။ မန်​စီးတီးအသင်းဟာ မ​နေ့ညက မန်​ချက်​စတာဒါဘီမှာ မန်​ချက်​စတာ ယူနိုက်​တက်​အသင်းကို အိမ်​ကွင်းမှာ အနိုင်​ရရှိခဲ့မယ်​ဆိုရင်​ ပရီးမီးယားလိဂ်​ချန်​ပီယံဆုကို ရရှိမှာဖြစ်​​ပေမယ့် ရှုံးနိမ့်ခဲ့တာ​ကြောင့် ချန်​ပီယံဆုရရှိဖို့ ကြန့်​ကြာသွားခဲ့တာ ဖြစ်​ပါတယ်​။ မန်​စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရက်​က ချန်​ပီယံလိဂ်​ ကွာတားဖိုင်​နယ်​ပထမအ​ကျော့မှာ လီဗာပူးအသင်းကို ဂိုးပြတ်​အ​ရေးနိမ့်​ထားတာ​ကြောင့်​ ဒုတိယအ​ကျော့အတွက်​ အဓိက ကစားသမားအချို့ကို အနား​ပေးပြီး မန်​ချက်​စတာယူနိုက်​တက်​အသင်းကို ရင်​ဆိုင်​ခဲ့ပါတယ်​။ ပထမပိုင်း ပွဲစတာနဲ့ ဖိအား​ပေးတိုက်​စစ်​ဆင်​ခဲ့တဲ့ မန်​စီးတီးအသင်းဟာ ပွဲချိန် ၂၅ မိနစ်နဲ့ မိနစ် ၃၀ တို့မှာ အသင်း​ခေါင်း​ဆောင်​ ကွန်​ပနီ၊ ဂန်​ဒိုဂန်​ရဲ့ ဂိုး​တွေနဲ့ ဦး​ဆောင်​ထားခဲ့ပါတယ်​။ ဒါ​ပေမယ့်လည်း ဒုတ်​ယပိုင်းပွဲကစားချိန်​ ၅၃ မိနစ်​နဲ့ ၅၅ မိနစ်​တို့မှာ​တော့ ​ပေါ့ဘာက ​ချေပဂိုး​တွေ ဆက်​တိုက်​သွင်းယူခဲ့သလို ၆၃ မိနစ်​မှာ စ​မောလင်းက အနိုင်​ဂိုးသွင်းယူခဲ့တာ​ကြောင့်​ အ​ဝေးကွင်းမှာ ၂-၃ ရလဒ်​နဲ့အနိုင်​ရရှိခဲ့တာပါ။
3 years Ago
Up