ပရိသတ်ကို ရင်သတ်ရှုမောအံ့သြသွားစေသည့် အင်္ဂလန်ကားစတန့်မောင်းသူ (ရုပ်သံ)

March 19, 2017

ပရိသတ်ကို ရင်သတ်ရှုမောအံ့သြသွားစေသည့် အင်္ဂလန်ကားစတန့်မောင်းသူ (ရုပ်သံ)

အင်္ဂလိပ်လူမျိုး ကားစတန့်မောင်းသူ တယ်ရီဂရန့်ဟာ မတ်လ ၁၇ ရက်နေ့က ရှန်ဟိုင်းမြို့ရှိ ၁၉.၀၈ မီတာအရှည်ရှိတဲ့ စက်ဝိုင်းပုံကားပတ်လမ်းမှာ ကားအထက်အောက် စွန်းစားမောင်းနှင် ပြသခဲ့ပါတယ်။ ဒီလိုစွန့်စားစတန့်ထွင်မောင်းနှင်မှုက ရှန်ဟိုင်းပရိသတ်တွေကို ရင်သတ်ရှုမောအံ့သြသွားစေတယ်လို့ စီဂျီတီအန်သတင်းမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့အကြီးဆုံး ၃၆၀ ဒီဂရီရှိတဲ့ စက်ဝိုင်းပုံ ထောင်လိုက်ကားပတ်လမ်းဟာ ၆ ထပ်တိုက်လောက် မြင့်မားပါတယ်။ ဒါပေမယ့် အကျယ်ကတော့ ၄ မီတာပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒီကမ္ဘာ့အကြီးဆုံးထောင်လိုက် စက်ဝိုင်းပုံ ကားပတ်လမ်းက ၂၀၁၅ Frankfurt ကားပြပွဲမှာ လူတွေကို ဆွဲဆောင်ခဲ့တာပါ။ ဒီကားပတ်လမ်းကို ရှန်ဟိုင်းမြို့မှာ ရွှေ့ပြောင်းတည်ဆောက်ဖို့ နာရီပေါင်း ၂၀၀ ကျော်ကြာတယ်လို့ သိရပါတယ်။ ကားပတ်လမ်းထဲမှာ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ဖို့ လမ်းကြောင်းတိုတိုလေးထဲမှာ ကားက ၁ နာရီ ၈၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ တစ်ချိန်တည်းမှာပဲ ကားမောင်းသူက မောင်းနှင်စဉ်အတွင်း တောင့်ခံထားရမယ်လို့ သိရပါတယ်။ တယ်ရီဂရန့်က ကားကို အရှိန်မြင့်မောင်းနှင်လိုက်ကာ နောက်ဆုံးမှာ ၂၀၁၅ ခုနှစ်က သူမောင်းခဲ့သလိုမျိုး မောင်းနှင်နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အဆက်မပြတ် လက်ခုတ်သြဘာပေးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
5 years Ago
Up