ပရိသတ်

A d v e r t i s e m e n t With Us

May 22, 2019

ချန်ပီယံလိဂ် ဗိုလ်လုပွဲလက်မှတ် ပြန်ရောင်းသည့် ပရိသတ်သုံးဦးကို စပါး ပွဲကြည့်ခွင့်ပိတ်

စပါးအသင်းဟာ ​ချန်ပီယံလိဂ် ဗိုလ်လုပွဲလက်မှတ် ပြန်လည်ရောင်းချတဲ့ ပရိသတ်သုံးဦးကို ပွဲကြည့်​ခွင့်​ ပိတ်​ပင်​ခဲ့ပါတယ်။ အသင်းသမိုင်းတလျှောက် ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲ ပထမဆုံးအကြိမ်​ ကစားမယ့်​ စပါးအသင်းဟာ လီဗာပူးအသင်းနဲ့ ဇွန်လ ၁ ရက်နေ့ မက်ဒရစ်မြို့မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ စပါးအသင်းအနေနဲ့ ဗိုလ်လုပွဲအတွက် လက်မှတ်ခွဲတမ်း ၁ သောင်း ၆ ထောင် ရရှိမှာဖြစ်ပြီး ဝယ်ယူပြီးသား လက်မှတ်တွေကို ပြန်လည်ရောင်းချခြင်း မပြုဖို့ တားမြစ်ထားတာပါ။ ဒါပေမယ့်လည်း တရာသီစာ လက်မှတ်ဝယ်ယူထားတဲ့ စပါးအသင်းရဲ့ အမာခံပရိသတ်သုံးဦးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ လက်မှတ်ကိုတော့ အကျိုးအမြတ် ပိုရဖို့အတွက် အွန်လိုင်းမှာတင်ပြီး ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီပရိသတ်သုံးဦးကို ပွဲကြည့်ခွင့် ပိတ်ပင်လိုက်ပြီး သူတို့ရဲ့ လက်မှတ်တွေဟာလည်း ကွင်းထဲဝင်ခွင့်ရရှိမှာ မဟုတ်ဘူးလို့ စပါးအသင်းက ကြေညာချက် ထုတ်ခဲ့ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်ဟာလည်း ​ကလပ်အသင်းတွေနဲ့ ပူးပေါင်းပြီး လက်မှတ်တွေကို တဆင့်ပြန်လည်ရောင်းချခြင်း မပြုဖို့အတွက် ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။
2 years Ago

November 11, 2018

လက်စတာပိုင်ရှင်အတွက် ပရိသတ် ၃ သောင်းကျော် ၀မ်းနည်းကြောင်းပြသ

လက်စတာစီးတီးအသင်းပိုင်ရှင် ဗီချိုင်း ရဟတ်ယာဉ်ပျက်ကျ သေဆုံးပြီးနောက် ပထမဆုံး အိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ ဘန်လေအသင်းနဲ့ ပွဲမတိုင်ခင် ပရိသတ် ၃၀၀၀၀ ကျော်က မြို့တွင်းမှာ လမ်းလျှောက်ပြီး ဝမ်းနည်းကြောင်းပြသခဲ့ကြပါတယ်။ "ဗီချိုင်းအတွက် လမ်းလျှောက်ခြင်း" လို့ နာမည်ပေးထားတဲ့ အဲ့ဒီလမ်းလျှောက်ပွဲမှာ လက်စတာ အသင်းသားတွေဖြစ်တဲ့ တိုက်စစ်မှူး ဂျင်မီဗာဒီ၊ မက်ဒီဆင်နဲ့ မက်ဂွီရီတို့လည်း ပါဝင်ခဲ့ကြပြီး ပွဲကစားချိန်မှာတော့ မက်ဂွီရီနဲ့ မက်ဒီဆင်တို့ဟာ ဒူးဒဏ်ရာ ရရှိနေတာကြောင့် လူစားရင်းမှာ ပါဝင်လာခြင်းမရှိပါဘူး။ ပွဲအပြီးမှာတော့ လက်စတာနဲ့ ဘန်လေတို့ဟာ တဖက်နဲ့တဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိလို့ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ပရိသတ်တွေဟာ အင်္ကျီအပြာရောင် ဆင်တူဝတ်ဆင်ခဲ့ကြပြီး ဗီချိုင်းဟာ ကလပ်အတွက် အများကြီးပေးဆပ်ခဲ့ပြီးဖြစ်ကြောင်း၊ အကောင်းဆုံး ဥက္ကဋ္ဌတဦးဖြစ်ကြောင်း စာတမ်းပါ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဝမ်းနည်းကြောင်း ပြသခဲ့ပါတယ်။ ဗီချိုင်းဟာ လက်စတာမြို့သားတွေအတွက် သမိုင်းတလျှောက် ပထမဆုံး ပရီးမီးယားလိဂ်ဆုဖလားကြီးကို ၂၀၁၆ ခုနှစ်မှာ ရယူပေးခဲ့ပြီး ကလပ်ကို ပြင်ဆင်မှု အမြောက်အမြားပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။ ဗီချိုင်းသေဆုံးပြီးနောက်မှာတော့ သားဖြစ်သူ အရီယာဝတ်ထ်က ဆက်လက်တာဝန်ယူနေပြီး ဖခင်ဖြစ်သူရဲ့ ကြိုးပမ်းမှုအတိုင်း အသင်းကို ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။ လက်စတာစီးတီးအသင်းဟာ အခုနှစ် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
2 years Ago
More News
Up