ပရိတ်ရွတ်

April 13, 2021

မြန်မာပြည်အမြန်အေးချမ်းစေရန် မန္တလေး သံဃသမဂ္ဂ ငြိမ်းချမ်းရေးသပိတ် ပရိတ်ရွတ်

မန္တလေး သံဃသမဂ္ဂ ငြိမ်းချမ်းရေး သပိတ်က ဆရာတော်၊သံဃာတော်တွေဟာ ဧပြီ ၁၂ ရက်က မြန်မာပြည်သူပြည်သားတွေ ဆင်းရဲဒုက္ခအပေါင်းမှ အမြန်လွတ်မြောက်စေဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်စေဖို့၊ ပြည်သူ့အာဏာ ပြည်သူသာပိုင်စေဖို့နဲ့ မြန်မာပြည် အမြန်အေးချမ်းစေဖို့ ပရိတ်ရွတ်ကာ မေတ္တာပွားခဲ့ကြပါတယ်။

Photo - MPA

2 months Ago

March 12, 2021

မိုးကုတ်မြို့တွင် ရေပူဆရာတော်အပါအဝင် ဖမ်းဆီးခံရသူများ ပြန်လွတ်မြောက်ရန် ပရိတ်ရွတ်

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ မတ်လ ၁၁ ရက်နေ့ညနေပိုင်းက ဖမ်းဆီးခံခဲ့ရတဲ့ ရေပူဆရာတော်နဲ့ ဆန္ဒပြကျောင်းသား ပြည်သူတွေကို အမြန်ဆုံးပြန်လွတ်မြောက်ရေးအတွက် ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။

မိုးကုတ်မြို့က ရဟန်းသံဃာ အပါး ၅၀ ကျော်နဲ့ ပြည်သူတွေက မတ် ၁၂ ရက်နေ့မှာ ပူဇော်ပွဲ ပြုလုပ်ခဲ့ကြတာပါ။။

မိုးကုတ်မြို့မှာ ရေပူဆရာတော်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စတင်ကတည်းက ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုထားတာပါ။

မိုးကုတ်မြို့မှာ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဖြိုခွင်းပြီး  ရေပူဆရာတော်နဲ့ ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးသွားခဲ့ပြီး အသက်မပြည့်သေးသူ ၁၀ ယောက်ကိုတော့ ည ၈ နာရီမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

3 months Ago
Up