ပရဟိတ ဖောင်ဒေးရှင်း ဆိုင်းဘုတ် ပြန်တင်

July 17, 2017

မိတ္ထီလာတွင် မဘသဆိုင်းဘုတ် ဖြုတ်ချပြီး ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဆိုင်းဘုတ် ပြန်တင်

မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ် ဝေယံဘုံသာကျောင်းတိုက်မှာ ဇူလိုင် ၁၆ ရက်က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဆိုင်းဘုတ်အစား ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဆိုင်းဘုတ်ပြန်တင်ပါတယ်။ မိတ္ထီလာမြို့နေ ကိုတင်ထွန်းက “နေ့လယ် ၁ နာရီမှာ အမျိုးဘာသာ သာသနာ ဆိုင်ဘုတ်ကို အောက်ချပြီး ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဆိုင်းဘုတ် ပြန်တင်လိုက်တယ်။ ဆရာတော် ၃ ပါးနဲ့ လူ ၃၀ လောက် ရှိမယ်ထင်တယ်” လို့ ပြောပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
5 years Ago
Up