ပရဟိတအသင်း

February 27, 2022

ချယ်ဆီးလ်ကို ပရဟိတအသင်းထံ အပြီးလွှဲမည်ဟု ပိုင်ရှင်ရုရှားသူဌေး ပြော

ချယ်ဆီးလ် အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်က အသင်းကို လန်ဒန်မှာ ထူထောင်ထားတဲ့ ပရဟိတ အသင်းဆီ အပြီးအပိုင် လွှဲပြောင်းပေးလိုက်တော့မယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောပါတယ်။

ရုရှားသူဌေးကြီး ဖြစ်တဲ့ အေဗရာမိုဗစ်ဟာ လန်ဒန်က ချယ်ဆီးကလပ်ကို ၂၀၀၃ ခုနှစ်ကတည်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်။ 

ဒီနှစ်တွေအတွင်းမှာ အသင်းပိုင်ရှင်တစ်ယောက်အနေနဲ့ ချယ်ဆီးအသင်းကို အောင်မြင်တဲ့ အသင်းဖြစ်အောင်၊ အနာဂတ်ရှိတဲ့အသင်းဖြစ်အောင်၊ ဘောလုံးလောကမှာ အကျိုးပြုတဲ့ အသင်းဖြစ်အောင် ကြိုးစားခဲ့ပြီး အခုအချိန်မှာတော့ အသင်းရဲ့အကျိုးအတွက် လွှဲပြောင်းလိုက်ရတာလို့ အေဗရာမိုဗစ်က ပြောပါတယ်။

“ကလပ်ရဲ့ အကျိုးကို ငဲ့ကွက်ပြီး ဒီဆုံးဖြတ်ချက်ကို နှလုံးသားနဲ့ ဆုံးဖြတ်လိုက်ရတာပါ” လို့ ဆိုပါတယ်။ 

ဘာကြောင့် အခုလို လွှဲပြောင်းရသလဲဆိုတာနဲ့ ပတ်သက်လို့ အေဗရာဟင်မိုဗစ်ရော ချယ်ဆီးအသင်းကပါ ထုတ်မပြောသေးပါဘူး။ 

ဒါပေမယ့် ရုရှားက ယူကရိန်းကို ကျူးကျော်တာနဲ့ပတ်သက်လို့ ရုရှားလူမျိုးတဦးချင်းနဲ့ အဖွဲ့အစည်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဗြိတိန်အစိုးရက ချမှတ်နေချိန် ဖြစ်ပါတယ်။ အခုအချိန်ထိတော့ အေဗရာမိုဗစ်ကတော့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲမှာ မပါဝင်သေးပါဘူး။ 

ဒီလိုအသင်းအတွင်း ကြီးမားတဲ့ အပြောင်းအလဲဖြစ်ပေါ်နေချိန်မှာပဲ ချယ်ဆီးအသင်းဟာ ဒီနေ့ညမှာ League Cup နောက်ဆုံးပွဲကို ကစားရမှာဖြစ်လို့ ကစားသမားတွေအပေါ် ဖိအားရှိနေတယ်လို့ အသင်းမန်နေဂျာ သောမတ်တူချယ်က ပြောပါတယ်။

1 year Ago

January 28, 2022

စက်သုံးဆီဈေး မြင့်တက်ခြင်းကြောင့် ပရဟိတအသင်းများ ရပ်တည်ရန် ခက်ခဲ

မော်တော်ယာဉ် စက်သုံးဆီ ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ကချင်ပြည်နယ်က ပရဟိတ လူမှုကူညီရေးအသင်းတွေ ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ သိရပါတယ်။

ပရဟိတလူမှုကူညီရေးအသင်းမှာ အသုံးပြုတဲ့ မော်တော်ယာဉ်တွေအနေနဲ့ စက်သုံးဆီ စျေးနှုန်း မြင့်တက်လာတဲ့အတွက် လူနာပို့ဆောင်လုပ်ငန်း  ရေရှည်ရပ်တည်ဖို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ မိုးညှင်းမြို့ ပရဟိတလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

မိုးညှင်းမြို့ ပရဟိတလူမှုကူညီရေးအသင်း လုပ်ကိုင်သူတစ်ဦးက “စက်သုံးဆီဈေးက အဆမတန်တက်လာတယ်။ ဒီပုံစံနဲ့ဆို  အသင်းရပ်တည်ဖို့ နဲ့ လူနာ ပို့ဆောင်ပေးဖို့ ခက်ခဲလာပြီ။ စီးပွားရေးကျပ်တည်းနေတဲ့ကာလ ဖြစ်နေတော့ အလှူရှင်က အရင်ကလောက် မရှိတော့ဘူး" လို့ ပြောပါတယ်။

စက်သုံးဆီစျေး မြှင့်တက်လာတဲ့အတွက် ကချင်ပြည်နယ်အတွင်းက မြို့နယ်အချို့မှာလည်း  လူမှုကူညီရေးအသင်းငယ်တွေအနေနဲ့ လူနာပို့ဆောင်တာတွေ ခေတ္တရပ်နားတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ 92 ဓာတ်ဆီ တစ်လီတာလျှင် ၁၆၈၀  ကျပ်၊  95 ဓာတ်ဆီ တစ်လီတာကို ၁၇၇၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၁၇၅၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၁၇၆၀ ကျပ်ထိရှိနေပြီး မြစ်ကြီးနားမြို့အထက် မြို့ရွာတွေမှာတော့ စက်သုံးဆီ စျေးနှုန်း  ၂၀၀၀ နဲ့ အထက်ရှိနေတယ်လို့ သိရပါတယ်။

1 year Ago
More News
Up