ပရဟိတအဖွဲ့အစည်း

September 28, 2020

FA ကို ဒဏ်ငွေဆောင်မယ့်အစား ပရဟိတအဖွဲ့အစည်းတွေကိုပဲ လှူလိုက်ပါ့မယ် - မော်ရင်ဟို (ရုပ်သံဟိုက်လိုက်)

နယူးကာဆယ်အသင်းနဲ့ သရေရလဒ်ထွက်ပေါ်စေတဲ့ နောက်ဆုံးမိနစ် ပင်နယ်တီဂိုးနဲ့ပတ်သက်လို့ မှတ်ချက်ပေးပြောဆိုဖို့ စပါးနည်းပြမော်ရင်ဟိုက ငြင်းဆိုခဲ့ပါတယ်။  ဒီဆုံးဖြတ်ချက်ကို ဝေဖန်လို့ ဒဏ်ငွေအရိုက်ခံမယ့်အစား ပိုက်ဆံကို ပရဟိတအသင်းတွေကိုပဲ လှူလိုက်မယ်လို့ သူကဆက်လက်ပြောဆိုခဲ့ပါတယ်။  ဒီပွဲရဲ့  ပွဲပြီးခါနီးအချိန်ပိုမှာ နယူးကာဆယ်တိုက်စစ်မှူး ကာရိုးလ်ရဲ့ ခေါင်းတိုက်ချက်ဟာ စပါးနောက်ခံလူ ဒိုင်ယာရဲလက်နဲ့ ထိခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။  ဒီပင်နယ်တီကို တိုက်စစ်မှူး ဝီလ်ဆန်က  ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး နယူးကာဆယ်အသင်းအတွက် အဖိုးတန်ချေပဂိုး ရယူပေးခဲ့ပါတယ်။  ဒါပေမဲ့ ပင်နယ်တီပေးခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ကွင်းအတွင်းမှာ အငြင်းပွားမှုတွေကို ဖြစ်စေခဲ့ပြီး စပါးအသင်းရဲ့ ဂိုးနည်းပြ နူနိုဆန်းတို့စ်ဟာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။  ဒါပေမဲ့ ဒီပွဲမှာတော့ အသင်းနဲ့ ပတ်သက်လာရင် ဆတ်ဆတ်ထိမခံလေ့ရှိတဲ့ မော်ရင်ဟိုဟာ အငြင်းပွားမှုမှာ လုံးဝပါဝင်ခဲ့ခြင်းမရှိဘဲ ပွဲပြီးတာနဲ့တစ် ပြိုင်နက်ဥမင်ထဲကို တန်းတန်းမတ်မတ်ဝင်သွားခဲ့ပါတယ်။  FA ရဲ့ အရေးယူမှုကို မခံချင်တာကြောင့် ဘာမှမပြောခဲ့တာလို့ မော်ရင်ဟိုက ဝန်ခံပါတယ်။ “ကျနော့်အသင်းက တကယ်ကောင်းခဲ့ပါတယ်။ ပထမပိုင်းစွမ်းဆောင်ရည်က်ည်း ရှယ်ပါပဲ။ ပထမပိုင်းမှာတင် ၃၊ ၄ ဂိုးလောက်ရသင့်ပါတယ်။ ဒါပေမယ့် နယူးကာဆယ်ဂိုးသမားက ကောင်းလွန်းတာရယ်၊ ဂိုးကံခေတာရယ်ရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာကျွန်တော်တို့ပွဲကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပြိုင်ဘက်ကို ဧရိယာထဲရောက်မ လာအောင်လည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ခင်ဗျားတို့မြင်တွေ့ခဲ့ရတဲ့ အခြေအနေနဲ့ ကျနော်တို့ ကြုံတွေ့ခဲ့ရပြီး  ၂ မှတ်လျော့ခဲ့ပါတယ်။ ကျနော် ဒီအကြောင်းနဲ့ပတ်သတ်ပြီး ဘာမှပြောမှာမဟုတ်ပါဘူး။ ကျနော် ပိုက်ဆံပေးချင်ရင် ပရဟိတအဖွဲ့တစ်ခုခုကို ပေးလိုက်ပါမယ်။ FA ဒဏ်ငွေမပေးချင်လို့ ဘာမှမပြောဘဲ နေတာကောင်းပါတယ်။”  
12 months Ago
Up