ပရဟိတအဖွဲ့ခေါင်းဆောင်

October 15, 2021

မော်လမြိုင်က ပရဟိတအဖွဲ့ခေါင်းဆောင် ၁ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ ၆ မိုင်ရပ်ကွက်က မေတ္တာရေကြည်ပရဟိတအဖွဲ့ ခေါင်းဆောင် ကိုသူရကျော်ဟာ အောက်တိုဘာ ၁၄ ရက် ည ၉ နာရီလောက်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပရဟိတအဖွဲ့ခေါင်းဆောင် ကိုသူရကျော်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ပရဟိတကားမောင်းပြီး အပြန် ၆ မိုင်ရပ်ကွက်က သူနေအိမ်မှာ ဝင်ရောက်ဖမ်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့က ၆ မိုင် စစ်ဆေးရေးဂိတ် ဗုံးကွဲမှုမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ကိုသူရကျော်ကို  ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒေသခံတစ်ဦးကတော့ “ကိုသူရကျော်ဟာ သူနဲ့မတည့်တဲဒ့  ရပ်ကွက်နေ သတင်းပေးဒလန် တစ်ဦးရဲ့ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံလိုက်ရတာ”လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကိုသူရကျော်ကို မော်လမြိုင်မြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပြီး၊ လက်ရှိအချိန်ထိ မိသားစုဝင်တွေအနေနဲ့ အဆက်အသွယ် မရသေးပါဘူး။

မော်လမြိုင်မြို့အဝင် ၆ မိုင် စစ်ဆေးရေးဂိတ် ဗုံးဖောက်ခွဲမှုကို မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦး၊ မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မိတ်ဆက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လုပ်ဆောင်တာလို့  ထုတ်ပြန်ထားပါတယ်။

3 months Ago

June 4, 2021

ဗန်းမော်မြို့က ပရဟိတအဖွဲ့ခေါင်းဆောင် ၁ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စနေ ကွက်လပ်ဖြည့် ပရဟိတအသင်းခေါင်းဆောင် ကိုလွင်ကိုချစ် (ခေါ်)ကိုဖိုးချစ်ကို ဇွန်လ ၃ ရက်  မွန်းလွဲပိုင်းက  ကန်တော်ရပ်ကွက်မှာ  စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူကပြောပါတယ်။

စနေပရဟိတအဖွဲ့ဟာ ဗန်းမော်မြို့မှာ အပတ်စဉ် စနေနေ့တိုင်း ပတ်ဝန်းကျင်သန့်ရှင်း သာယာရေးအတွက် အမှိုက်တွေရှင်းလင်းဆောင်ရွက်လာခဲ့တာ ၅ နှစ်လောက် ရှိနေပြီ ဖြစ်ပါတယ်။  

စနေ ပရဟိတခေါင်းဆောင် ကိုဖိုးချစ်ဟာလည်း ပျော်ရွှင်သွက်လက်စွာနေလေ့ရှိသူတစ်ဦးဖြစ်ပြီး သူ့ကို ဘာကြောင့် ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားမှန်း မသိရသေးပါဘူး။

8 months Ago
Up