ပယ်နယ်တီ

August 21, 2019

မန်ယူအသင်း ပွဲစဉ်များတွင် ပယ်နယ်တီကန်ခွင့်အတွက် ရက်ရှ်ဖို့ဒ်ကို တာဝန်ပေး

ဝုဗ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာ ပယ်နယ်တီလွဲချော်ခဲ့ပြီးနောက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ပုံမှန် ပယ်နယ်တီကန်စေဖို့ နည်းပြ ဆိုးလ်ရှားက တာဝန်ပေးလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အဲဒီပွဲစဉ်မှာ တဖက်တဂိုးစီ သရေကျခဲ့ပြီး ပေါ့ဂ်ဘာရဲ့ ပယ်နယ်တီလွဲချော်မှုကြောင့် အနိုင် ၃ မှတ်ရရှိမယ့် အခွင့်အရေး ဆုံးရှုံးခဲ့တာပါ။ ရက်ရှ်ဖို့ဒ်ဟာ ချဲလ်ဆီးကို ၄ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ၁ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပေမယ့် နည်းပြဆိုးလ်ရှားကတော့ ပေါ့ဂ်ဘာကိုပဲ ကန်စေခဲ့တာလည်း ဖြစ်ပါတယ်။ နာမည်ကြီး The Sun သတင်းစာကတော့ ပေါ့ဂ်ဘာကို ပယ်နယ်တီကန်ခွင့်ပေးခဲ့တဲ့ ဆိုးလ်ရှားဟာ အသင်းသားတွေ ကြားမှာရှိနေတဲ့ ပြဿနာတွေကို ဖြေလျှော့ချင်တာကြောင့် ဆုံးဖြတ်ခဲ့တဲ့ သဘောမှာ ရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။
Zawgyi Version မန္ယူအသင္း ပြဲစဥ္မ်ားတြင္ ပယ္နယ္တီကန္ခြင့္အတြက္ ရက္ရွ္ဖို႔ဒ္ကို တာဝန္ေပး DVB ဝုဗ္နဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္ယူကြင္းလယ္လူ ေပါ့ဂ္ဘာ ပယ္နယ္တီလြဲေခ်ာ္ခဲ့ၿပီးေနာက္ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ကို ပုံမွန္ ပယ္နယ္တီကန္ေစဖို႔ နည္းျပ ဆိုးလ္ရွားက တာဝန္ေပးလိုက္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ အဲဒီပြဲစဥ္မွာ တဖက္တဂိုးစီ သေရက်ခဲ့ၿပီး ေပါ့ဂ္ဘာရဲ႕ ပယ္နယ္တီလြဲေခ်ာ္မႈေၾကာင့္ အႏိုင္ ၃ မွတ္ရရွိမယ့္ အခြင့္အေရး ဆုံး႐ႈံးခဲ့တာပါ။ ရက္ရွ္ဖို႔ဒ္ဟာ ခ်ဲလ္ဆီးကို ၄ ဂိုးျပတ္ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ၁ ဂိုးသြင္းယူေပးထားႏိုင္ခဲ့ေပမယ့္ နည္းျပဆိုးလ္ရွားကေတာ့ ေပါ့ဂ္ဘာကိုပဲ ကန္ေစခဲ့တာလည္း ျဖစ္ပါတယ္။ နာမည္ႀကီး The Sun သတင္းစာကေတာ့ ေပါ့ဂ္ဘာကို ပယ္နယ္တီကန္ခြင့္ေပးခဲ့တဲ့ ဆိုးလ္ရွားဟာ အသင္းသားေတြ ၾကားမွာရွိေနတဲ့ ျပႆနာေတြကို ေျဖေလွ်ာ့ခ်င္တာေၾကာင့္ ဆုံးျဖတ္ခဲ့တဲ့ သေဘာမွာ ရွိတယ္လို႔ သုံးသပ္ခဲ့ပါတယ္။
2 years Ago
Up