ပယ်ဖျက်

August 14, 2018

ဗဟိုဘဏ် ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ချက် ပယ်ဖျက်  

မြန်မာပြည်တွင်း နိုင်ငံခြားငွေရောင်းဝယ်ရာမှာ ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက် ရည်ညွန်း ငွေလဲလှယ်နှုန်း ဘောင်ထဲမှာ ရောင်းဖို့ ညွှန်ကြားထားတာကို  သြဂုတ် ၁၃ ရက်ကစပြီး ပယ်ဖျက်လိုက်ပါတယ်။ ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းထက် ဒသမ ၈ ရာခိုင်နှုန်းထဲမှာ အတိုး၊ အလျော့နဲ့ ရောင်းချကြဖို့ ၂၀၁၂ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး အခု ဗဟိုဘဏ်ဥက္ကဋ္ဌရဲ့ ကိုယ်စား ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ညွန်ကြားချက်ထုတ်ပြန်ပြီး ပယ်ဖျက်လိုက်တာပါ။ ခုလို ပယ်ဖျက်လိုက်တဲ့အပေါ် စီဘီဘဏ်ရဲ့ အကြံပေး ဦးဖေမြင့်က “ခင်ဗျားတို့ လုပ်ချင်ရာလုပ်ကြတော့ဆိုတဲ့ သဘော ဖြစ်သွားတာပေါ့။ တကယ်တော့ ဒါမဖျက်ခင်ကတည်းက ဘောင်ကျော်ပြီး လုပ်နေကြတာ။ အရောင်းအဝယ် လုပ်နေကြတဲ့သူတွေက အစကတည်းက မလိုက်နာကြဘူးဗျ။ အဲဒါကြောင့် သိပ်တော့ မသိသာပါဘူး” လို့ ပြောပါတယ်။ ဒီလို သတ်မှတ်ချက်ကို ဖျက်ပေးလိုက်တဲ့အတွက် ကြီးကြီးမားမား သက်ရောက်ဖို့ မရှိဘူးလို့လည်း သူက ပြောပါတယ်။ “ကြိုက်တဲ့ ဈေးသတ်မှတ်နိုင်ပေမယ့် ပုဂ္ဂလိကဘဏ်တွေကတော့ သိပ်မပြိုင်ကြပါဘူး။ အပြင်မှာ ရောင်းဝယ်နေကြတဲ့ ဆိုင်တွေကတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြစ်သွားမှာပေါ့” လို့ ဦးဖေမြင့်က ပြောပါတယ်။ မနေ့က အမေရိကန် ၁ ဒေါ်လာကို ၁၄၇၄ ကျပ်နဲ့ ဈေးကွက်ပိတ်သွားတဲ့ ဒေါ်လာဈေးဟာ ဒီနေ့မနက်မှာတော့ ၁၄၈၃ ကျပ်နဲ့ ပြန်ဖွင့်လာခဲ့ပါတယ်။ ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကစပြီး တရိပ်ရိပ်တက်နေခဲ့ပြီး ဇူလိုင် ၁၈ မှာ ၁၄၂၄ ကျပ် ဖြစ်ခဲ့ပါတယ်။ ဒါဟာ အရင်က အမြင့်ဆုံးစံချိန်တင်ခဲ့တဲ့ နှုန်းထက် ၄၀ ကျော် ပိုများနေတာပါ။ ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက အမြင့်ဆုံးအဖြစ် ၁၄၃၈ ကျပ်အထိ တက်ခဲ့တာပါ။
3 years Ago

March 20, 2018

FDA ဝန်​ထမ်းအမျိုးသမီး အသတ်​ခံရမှု တရားလိုသက်သေ ၉ ဦးကို ပယ်ဖျက်

FDA ဝန်​ထမ်းအမျိုးသမီး အသတ်​ခံရမှုမှာ တင်​သွင်းထားတဲ့ သက်​​သေ ၃၅ ဦးအနက်​ ၉ ဦးကို တရားလိုပြသက်​​သေက​နေ ပယ်​ဖျက်လိုက်​တယ်လို့ မတ်​လ ၁၉ ရက်​​ ရုံးချိန်းမှာ ​ကြေညာလိုက်​ပါတယ်​။ မနေ့ကရုံးချိန်းမှာ တရားလိုသက်​​သေ ၅ ဦးကို ​စစ်​​ဆေးခဲ့ပြီး နှစ်​ဖက်​ အပြန်​အလှန်​​ မေးခွန်း​တွေ ​မေးမြန်းအပြီးမှာတော့  တရားလို ၉ ဦးကို နိုင်​ငံ​တော်​ဘက်​က​နေ ပယ်​ဖျက်​လိုက်​​ကြောင်း တရားသူကြီးက ​ကြေညာခဲ့တာ ဖြစ်​ပါတယ်​။ နိုင်​ငံ​တော်​ဘက်​က​နေ ပယ်​ဖျက်​တယ်​ဆိုတာ တရားလိုဘက်​က​ ရှေ့နေက​နေ မလိုအပ်​တဲ့ သက်​​သေ​တွေကို ပယ်​ချလိုက်​တာ ဖြစ်​တယ်​လို့ ​တွဲဖက်​ခရိုင်​တရားသူကြီး ဦးထွန်းထွန်းဦးက​ ပြောပါတယ်​။ ပြီးခဲ့တဲ့ရုံးချိန်း​တွေမှာ တရားလိုပြသက်​​သေ​တွေအ​နေနဲ့ အသတ်​ခံရသူ မ​ရွှေရည်​ဝင်းရဲ့ မိဘ​၊ အမှုစစ်​ရဲအရာရှိ​တွေ၊ အငှားယာဉ်​​မောင်း မျိုး​ဇော်​ဦးရဲ့ ရပ်​ကွက်​အတွင်းက သက်​​သေ ဖုန်းဆိုင်​ဝန်​ထမ်း စတာ​တွေကို စစ်​​ဆေးခဲ့ပါတယ်​။ အခုလို သက်​​သေ​ ၉ ဦးပ ယ်​ချလိုက်​တဲ့အ​ပေါ် တရားခံလို့ စွပ်​စွဲခံထားရတဲ့သူဘက်​က​နေ လိုက်​​ပေးတဲ့ ​ရှေ့​နေက​တော့ ကြိုဆိုတယ်​လို့ ​ပြောပါတယ်​။ ဒါ့အပြင်​ တရားခံအတွက်​ တရားခံပြသက်​​သေကိုလည်း ရှာ​ပေးဖို့ ကြိုးစား​နေ​ကြောင်းလည်း အငှားယာဉ်​​မောင်းသမားရဲ့ ရှေ့​နေဦး​မောင်​​မောင်​စိုးက ​ပြောပါတယ်​။ လက်​ရှိမှာ အငှားယာဉ်​​မောင်း မျိုး​ဇော်​ဦးကို ရာဇဝတ်​မှုပုဒ်​မ ၂၉၄၊ ၃၇၇၊ ၃၇၆၊ ၃၀၂ တို့နဲ့ တရားစွဲဆိုထားတာပဲ ဖြစ်​ပါတယ်​။ ဒီအမှုမှာ တရားလိုပြသက်​​သေ ၁၄ ဦးကို စစ်​​ဆေးပြီးသွားပြီဖြစ်​ပြီး၊ နိုင်​ငံ​တော်​က တရားလိုသက်​​သေ ၉ ဦးကို ပယ်​ဖျက်​လိုက်​တာ​ကြောင့် စုစု​ပေါင်း သက်​​သေ ၂၃ ဦးကို စစ်​​ဆေးပြီးသွားပြီ ဖြစ်​ပါတယ်​။ ​နောက်​လာမယ့် ရုံးချိန်းကို​တော့ မတ်လ ၂၆ ရက်​​နေ့မှာ စစ်​​ဆေးသွားဖို့ ရှိပါတယ်​။
4 years Ago
Up