ပယ်နယ်တီအဆုံးအဖြတ်ဖြင့် လီဗာပူး ကယ်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲတက်

January 27, 2016

ပယ်နယ်တီအဆုံးအဖြတ်ဖြင့် လီဗာပူး ကယ်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

ဇန်န၀ါရီ ၂၆ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ကယ်ပီတယ်ဝမ်း ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ လီဗာပူးက စတုတ်စီးတီးကို ပင်နယ်တီ အဆုံးအဖြတ်မှာ ၆ ဂိုး ၅ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပထမအကျော့မှာတုန်းက လီဗာပူးက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပြီး အခု ဒုတိယအကျော့မှာ စတုတ်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရလို့ ပင်နယ်တီအထိ ဆက်ခဲ့ရပါတယ်။ ဒီပွဲမှာ စတုတ်အတွက် အနိုင်ဂိုး ၁ ဂိုးကို ၄၅ မိနစ်မှာ သွင်းယူပါတယ်။ ဒီဂိုးကို အငြင်းပွားဖွယ်ရာ လူကျွံဘောဖြစ်တယ်လို့လည်း လီဗာပူးက ပြောဆိုထားပါတယ်။ စတုတ်အသင်း ဒီပွဲမှာ ခြေရည်တူ လိုက်ကစားနိုင်ခဲ့ပြီး လီဗာပူးဂိုးသမားလည်း လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို လီဗာပူး နောက်တန်းကစားသမား ဆာခိုက ရရှိသွားပါတယ်။ ဒီပွဲနိုင်တဲ့ လီဗာပူးက လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ ဗိုလ်လုပွဲမှာ မန်စီးတီးနဲ့ အဲဗာတန် ၂ သင်းထဲက နိုင်တဲ့အသင်းနဲ့ ဆုံရမှာ ဖြစ်ပါတယ်။
6 years Ago
Up