ပယ်နယ်တီကန်သွင်းခွင့်နှင့် ပတ်သက်ပြီး ပီအက်စ်ဂျီ၏ ကမ်းလှမ်းမှု ကာဗာနီ ငြင်းဆန်

September 25, 2017

ပယ်နယ်တီကန်သွင်းခွင့်နှင့် ပတ်သက်ပြီး ပီအက်စ်ဂျီ၏ ကမ်းလှမ်းမှု ကာဗာနီ ငြင်းဆန်

ပြင်သစ်ထိပ်သီးအသင်း ပီအက်စ်ဂျီအသင်းရဲ့ နာမည်ကြီး တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ နေမာနဲ့ ကာဗာနီတို့ ပယ်နယ်တီလုကန်ခဲ့တာနဲ့ ပတ်သက်လို့ အသင်းက ကမ်းလှမ်းမှုတခု လုပ်ခဲ့ပါတယ်။ ဒါဟာ အသင်းတိုက်စစ်မှူး ကာဗာနီကို ယူရို ၁ သန်းပေးပြီး ပယ်နယ်တီကန်သွင်းခွင့် နေမာထံ လွှဲပြောင်းဖို့ပဲ ဖြစ်ပြီး ကာဗာနီက ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ခြေစွမ်းပြ ဂိုးတွေသွင်းယူနေခဲ့သလို အန်ဘာပေး၊ ကာဗာနီ စတဲ့ ကစားသမားတွေနဲ့လည်း တွဲဖက်ကစားပြီး ခြေစွမ်းပြနိုင်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နေမာအနေနဲ့ ဘာစီလိုနာမှာဆိုရင် မက်ဆီရဲ့အနောက်မှာပဲ ရှိနေတဲ့အတွက် ပီအက်စ်ဂျီအသင်းကို ပြောင်းခဲ့တာဖြစ်တယ်လို့ တရားဝင် ထုတ်ဖော်ပြောကြားထားတာဖြစ်လို့ အနာဂတ်မှာ ပီအက်စ်ဂျီအသင်းအတွင်း တင်းမာမှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
4 years Ago
Up