ပယ်ချခံရ

August 25, 2018

လီဗာပူးအသင်းကို ယူရို ၂ ဘီလီယံဖြင့် ဝယ်ရန် ကမ်းလှမ်းမှု ပယ်ချခံရ

မန်ချက်စတာစီးတီး အသင်းပိုင်ရှင် ရှိတ်မန်ဆော်ရဲ့ ဝမ်းကွဲအစ်ကိုဟာ လီဗာပူးအသင်းကို ယူရို ၂ ဘီလီယံနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ရှိတ်ခါဟဲလ်ဒ်ဘင်ဇရက်အဲလ်နီဟာရန်ဟာ ရှိတ်မန်ဆော်နဲ့ ဆွေမျိုးတော်စပ်သလို အမ်းမရိတ်စ်ရဲ့ အဖွဲ့ဝင်တဦးဖြစ်ပြီး အဘူဒါဘီ အစိုးရအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ၂ ဘီလီယံဆိုတဲ့ တန်ကြေးဟာ ကမ္ဘာ့အမြင့်ဆုံးကြေးတခုနဲ့ ဝယ်ယူနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ ရှိတ်ခါဟဲလ်ဒ်ဟာ လီဗာပူးအသင်းဥက္ကဋ္ဌ တွန်ဝါနာနဲ့ တွေ့ဆုံခဲ့ပြီး ယူရို ၂ ဘီလီယံနဲ့ ကမ်းလှမ်းခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် သန်း ၇၉၀ နဲ့ ဝယ်ယူခဲ့တဲ့ ဂလေဇာရဲ့ ဝယ်ယူမှုက အမြင့်ဆုံးဖြစ်ပြီး သူ့နောက်မှာတော့ လီဗာပူးအသင်း ပိုင်ရှင်တွေရဲ့ ဝယ်ယူမှုဖြစ်ကာ ဖန်ဝေး အားကစားအုပ်စုက ပေါင်သန်း ၂၈၀ နဲ့ ဝယ်ယူထားတာပါ။ တတိယနေရာမှာတော့ ရှိတ်မန်ဆော်ရဲ့ ဝယ်ယူမှုဖြစ်ပြီး မန်စီးတီးအသင်းကို ပေါင်သန်း ၂၁၀ နဲ့ ဝယ်ယူထားခဲ့တာ ဖြစ်ပါတယ်။
3 years Ago

August 4, 2017

သတင်းထောက် ၃ ဦးအပါအ၀င် ဖမ်းဆီးခံ ၆ ဦး၏ အာမခံလျှောက်ထားမှု ပယ်ချခံရ

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခံထားရတဲ့ ဒီဗွီဘီ သတင်းထောက်နဲ့ ဧရာဝတီသတင်းထောက် အပါအ၀င် ၆ ယောက်ရဲ့ အာမခံလျှောက်ထားမှုကို သီပေါမြို့နယ်တရားရုံးက  ပယ်ချလိုက်ပါတယ်။ ဒီကနေ့ မနက်ပိုင်း သီပေါမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် ပယ်ချလိုက်တာပါ။ အဆိုပါ ၆ ယောက်ဟာ သီပေါမြို့နယ်မှာ အခြေစိုက်နေထိုင်သူတွေ မဟုတ်တာကြောင့် နောက်ပိုင်း အမှုစစ်ရာမှာ အခက်အခဲရှိလို့ ပယ်ချတာဖြစ်ကြောင်း အဲဒီကို သွားရောက်သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုကျော်ဇေယျာဝင်းက ပြောပါတယ်။ “အာမခံပယ်ချတာပေါ့နော်။ အဓိကအကြောင်းအရင်းက အာမခံလျှောက်ထားတဲ့သူတွေက  သီပေါမြို့နယ်မှာ နေထိုင်တဲ့သူတွေ မဟုတ်ဘူးပေါ့နော်။ အာမခံပေးလိုက်လို့ရှိရင် အမှုစစ်တာမျိုးတွေ၊ ဘာတွေဆိုလို့ရှိရင် နည်းနည်းအခက်အခဲဖြစ်နိုင်တယ်၊ ကြန့်ကြာနိုင်တယ်ပေါ့နော်။ အဲဒီအကြောင်းပြချက်နဲ့ပေါ့။ အကြမ်းဖျင်းကတော့ အဲဒါပဲ။” ဒီကနေ့ အာမခံလျှောက်ထားမှု အမိန့်ချပြီးနောက် တပ်မတော်ဘက်က လိုပြသက်သေတွေထဲက တပ်ရေးဗိုလ်ကြီး ဗိုလ်သက်နိုင်ဦးကို စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ ဒီဗွီဘီ သတင်းထောက် ၂ ယောက်၊ ဧရာဝတီ သတင်းထောက် ၁ ယောက်နဲ့ အရပ်သား ၃ ယောက်တို့ဟာ  ဇွန် ၂၆ ရက်က တီအန်အယ်လ်အေက ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို သတင်းသွားယူပြီးအပြန် တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။
4 years Ago
Up