ပန်းတောင်း

A d v e r t i s e m e n t With Us

September 27, 2020

ပန်းတောင်းမြို့နယ်တွင် ကျပ်သိန်းပေါင်း ၃ သောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ညောင်ဂျိုးနယ်စပ်စစ်ဆေးရေးစခန်းမှာ စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက ရခိုင်ပြည်နယ်ဘက်ပို့မယ် ကျပ်သိန်း ၃ သောင်းကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၂ သန်းကျော်ကို ယာဉ်မောင်းတဦးနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။ ချင်းရွှေဟော်ကနေ မောင်းလာတဲ့ Hyundai အမျိုးအစား MDY 9Q/7266 အဖြူရောင်ကားရဲ့ ယဉ်မောင်း စိုင်းသော်စိုးရဲ့ ကျောပိုးအိတ်ထဲ R စာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပါ ၁ ထုပ်ကို စတင်တွေ့ရှိခဲ့တာပါ၊ ဒီနောက် ကားကို ဥသျှစ်ပင်ရဲစခန်းကိုမောင်းခိုင်းပြီး ထပ်မံစစ်ဆေးရာမှ ကားနောက်ခန်း အံဖွက်ထဲကနေ ကာလတန်ဖိုး သိန်းပေါင်း ၃၀,၂၄၀  တန်ဖိုးရှိ လိမ္မော်ရောင်စိတ်ကြွဆေးပြား အထုပ် ၂၀၁ ထုပ်ကနေ ဆေးပြား စုစုပေါင်း ၂,၀၁၆,၀၀၀ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်မိုးက “ကားနဲ့တကွမိထားပါပြီ။ လူကတော့ တယောက်တည်းပါ၊ အရေးယူထားပါပြီ။ လောလောဆယ်တော့ သူတယောက်တည်းကိုပဲ ဖမ်းမိထားပါသေးတယ်၊ လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်နေတုန်းပဲ” လို့ ပြောပါတယ်။   ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တုန်းကလည်း ပဲခူးတိုင်းထဲကနေ ရခိုင်ပြည်နယ်ဘက် သယ်ဆောင်လာတဲ့ ကားတစီးပေါ်ကနေ wy စိတ်ကြွဆေးပြားပေါင်း ၁၄ သန်း ၉ သောင်း ကျော်ဖမ်းမိခဲ့ပါတယ်။   မင်းညို
4 months Ago

May 8, 2020

ပန်းတောင်းမြို့နယ်၌ ရေသွားလှူသည့် မီးသတ်ကားမှောက်ပြီး အရံမီးသတ်တပ်ခွဲမှူးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ထဲမှာ ရေသွားလှူတဲ့ မီးသတ်ရေတင်ကားတစီး မေလ ၇ ရက်နေ့က  မတော်တဆတိမ်းမှောက်ပြီး အရံမီးသတ်တပ်ခွဲမှူး တစ်ဦး သေဆုံးသွားပါတယ်။ ပန်းတောင်းမြို့နယ်ထဲက သဲဖြူကျေးရွာနဲ့ ကြာအင်းကျေးရွာတွေဘက်မှာ နွေရာသီ ရေ အခက်အခဲဖြစ်နေလို့ အကူအညီတောင်းခံတာကြောင့် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့က အရံမီးသတ်တပ်ဖွဲ့က ရေသယ်တဲ့ မီးသတ်ယာဉ် စေလွှတ်ခဲ့တာပါ။ ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ် ၁၂၃/၇ နဲ့ ၁၂၄ ကြားအရောက်မှာတော့ ကား ရှောင်တိမ်းရာက အရှိန်လွန်ပြီး လယ်ကွက်ထဲကို  မီးသတ်ကား ထိုးကျကာ ယူကလစ်ပင်ကို ဝင်တိုက်မိခဲ့ပြီးနောက်  သစ်ပင်ကကားပေါ်ကိုပြန်ပိတဲ့အတွက် ယာဉ်မောင်း မီးသတ်ဝန်ထမ်း  ဦးကုလား သေဆုံးခဲ့တာလို့ ပြည်ခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးအေးကျော်ကပြောပါတယ်။ “သူက နှစ် ၃၀ ကျော်လောက် မီးသတ်မှာဝါသနာကြီးစွာနဲ့လုပ်ကိုင်ခဲ့တာ။ ကားကတော့ အနည်းငယ်ပျက်စီးသွားတယ်။ အဲဒီအတွက်လည်း ဘတ်ဂျက်မသုံးပါဘူး။ ဒီကမြို့မိမြို့ဖတွေရဲ့အ ကူအညီနဲ့ကားကိုပြန်ပြင်ပေးမှာပါ။ အခုဟာကလည်း ရေရှားပါးတဲ့နေရာတွေကို သွားလှူတဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းပဲလေ”   အဆိုပါမီးသတ်ရေသယ်ယာဉ်ဟာ  ဒေါင်ဖန်းအမျိုးအစား ၆ ဘီးတပ် ယာဉ်ဖြစ်ပြီး သေဆုံးသွားတဲ့ ယာဉ်မောင်း ဦးကုလားကတော့  အရံမီးသတ်တပ်ဖွဲ့မှာ တပ်ခွဲမှူးအဖြစ် နှစ်ပေါင်းများစွာ တာဝန်းထမ်း ဆောင်နေသူတယောက်ဖြစ်ပါတယ်။ အဆိုပါယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီးအမှုဖွင့်ထားတဲ့အကြောင်း  ဥသျှစ်ပင်ရဲစခန်းမှူး ရဲအုပ်သန်းလှက “ ရဲလုပ်ထုံးလုပ်နည်းအရ ယာဉ်မောင်းတဲ့သူ သေဆုံးသွားတဲ့အတွက် မီးသတ်တပ်ဖွဲ့ဝင်ကို ယာဉ်(ပ)၁၂/၂၀၂၀-ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၄၀(က/၃၃၇)နဲ့ အရေးယူအမှုဖွင့်ရကာနောက်မှာ သေဆုံးမှုနဲ့ အမှုပြန်ပိတ်ရတာပါ။ ကားက ရေအလေးချိန်ပါတော့ ထိန်းရသိမ်းရခက်ခဲသွား တဲ့ပုံစံဖြစ်မယ်” လို့ ပြောပါတယ်။   
9 months Ago
Up