ပန်းတနော်မြို့နယ်

February 12, 2022

ပန်းတနော်မြို့နယ်၌ မင်္ဂလာဆောင်မှပြန်လာသည့် ယာဉ်တိမ်းမှောက် ၁၅ ဦးဒဏ်ရာ

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာမှာ ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲပိုင်းက မင်္ဂလာဆောင်ကနေ ပြန်လာသူတွေလိုက်ပါလာတဲ့ ယာဉ်တစီးတိမ်းမှောက်မှုကြောင့် လူ ၁၅ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ 

ရန်ကုန်-ပုသိမ်ကားလမ်းအတိုင်းမောင်းလာတဲ့ ယာဉ်ဟာ အင်းမနဲ့ ပသွယ်ကြားမှာ တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်ပေါ်မှာလိုက်ပါလာသူ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတွေက‌ ပြောပါတယ်။ 

ဘက်စုံလူမှုကူညီရေး အဖွဲ့ဝင်တယောက်က “ယာဉ်မှောက်နေတာတွေ့လို့ ကူညီပေးခဲ့တာ အားလုံး ၁၅ ယောက် မင်္ဂလာဆောင်က အပြန်မှာဖြစ်တာလို့ ပြောတယ်။ ကားကိုရှောင်လိုက်လို့ မှောက်တာလို့တော့ပြောတယ်။ ဆေးရုံကို ပို့ပေးခဲ့တယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။ 

ကားမှောက်လို့ ဒဏ်ရာရရှိတဲ့လူနာတွေကို ဘက်စုံလူမှုကူညီရေးကားနဲ့ နှစ်ခေါက် တခြားပရဟိတလူနာတင် ကားနဲ့ တခေါက် သယ်ဆောင်ကာ အင်းမဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ရန်ကုန် - ပုသိမ်ကားလမ်းမှာ ယာဉ်  နှစ်စီးရှောင်တိမ်းဖို့အတွက် ကျဉ်းလွန်းတာကြောင့် မကြာခဏ ယာဉ်တိုက်မှုတွေ တိမ်းမှောက်မှုတွေဖြစ်လေ့ရှိပြီး မိုးရာသီမှာ ပိုအဖြစ်များတယ်လို့ ပရဟိတအသင်းအဖွဲ့တွေက ပြောပါတယ်။

10 months Ago

September 8, 2021

ပန်းတနော်မြို့က စစ်တပ် ဒလန်သတင်းပေးများကို ကျည်ဆန်ပေးပို့ သတိပေး

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ စက်တင်ဘာလဆန်းပိုင်းက စတင်ကာ ရှေ့နေ အမျိုးသမီးအပါဝင် လူငယ် ၄ ယောက်  ဖမ်းဆီးခံရပြီးနောက်ပိုင်း စစ်တပ်သတင်းပေးတွေကို အသက်အာမမခံကြောင်း အမှန်တရားမြတ်နိုးသူများအဖွဲ့က သတိပေးလိုက်ပါတယ်။

စစ်တပ်ရဲ့အမာခံသတင်းပေးတွေက မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာဘက်တွေမှာ သူတို့နဲ့အဆင်မပြေတဲ့ နေအိမ်တွေကို ဧည့်စာရင်းစစ်တာတွေ PDF တွေ ပုန်းခိုနေတယ်ဆိုတဲ့ သတင်းပေးတာမျိုးတွေပြုလုပ်လာတာကြောင့် ခုလို သတိပေးရတာဖြစ်တယ်လို့ဆိုပါတယ်။

PDF တပ်ဖွဲ့ဝင် ၁ ဦးက" ဒီလမှာ ပိုဆိုးလာတာ အရင်ဆုံး အမျိုးသမီး ရှေ့နေတစ်ဦးအဖမ်းခံရတယ်။ အဲ့နောက်မှာ လူငယ် ၄ ဦးထက်အဖမ်းခံရတယ် ဒီဒလန်တွေက ပိုဆိုးလာလို့ခုလို သတိပေးစာထုတ်တာပါ၊  စာကတော့ PDF အနေနဲ့ထုတ်ထားမဟုတ်ပါဘူး တခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းထုတ်တာ''လို့ ပြောပါတယ်။

စစ်တပ်အမာခံသတင်းပေးတွေကို အသက်အာမ မခံကြောင်း သတိပေးစာကို ပစ္စတို ၁ လက် ကျည် ၃ တောင့်နဲ့အတူ ပူးတွဲထုတ်ပြန်ခဲ့ပြီး စာထဲမှာတော့ သတင်းပေးတာတွေမလုပ်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့ သတိပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ပန်းတနော်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲတာ စစ်တပ်သတင်းပေးတွေကို သတ်တာမရှိသေးမဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တော်တော်များများမှာ ဗုံးပေါက်ကွဲခဲ့ပြီး ဖျာပုံနဲ့ အသုတ်မြို့တွေမှာ စစ်တပ်သတင်းပေးတွေကို သေနတ်နဲ့ပစ်သတ်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

1 year Ago
More News
Up