ပန်းဆိုင်

February 14, 2020

ဖိလစ်ပိုင်တွင် ချစ်သူများနေ့အမှတ်တရ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ပန်းစည်းရောင်းချ

ဖိလစ်ပိုင်နိုင်ငံမှ ပန်းဆိုင်တဆိုင်မှာ ချစ်သူများနေ့အတွက် ရည်ရွယ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အထူးပန်းစည်းတွေ ပြုလုပ်ရောင်းချနေပါတယ်။  “မင်းကို ကိုယ်ချစ်တယ်။ ကိုရိုနာဗိုင်းရပ်စ်မကူးပါစေနဲ့”ဆိုတဲ့ စကားနဲ့ ရည်ရွယ် ကာ ပြုလုပ်ထားတဲ့ ဒီပန်းစည်းမှာတော့ ချောကလက်တွေ၊ သကြားလုံးတွေအစား ပန်းတွေနဲ့အတူ တကိုယ်ရေသုံးလက်သန့်စင်ဆေးဘူး၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ လက်အိတ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ပန်းဆိုင်ပိုင်ရှင် မေရီဂျိန်းဗီလီဂက်စ်ကတော့ ဒီပန်းစည်းကို ပြုလုပ်ရတာဟာ သူ့အနေနဲ့ တစတစပျံ့နှံ့လာတဲ့ ဗိုင်းရပ်စ်အန္တရာယ်ကို ကြောက်ရွံ့စိတ်ကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ “ဒါကို ပြောရမယ်ဆိုရင်တော့ ချစ်သူများနေ့မှာ  လူတွေအနေနဲ့ ပန်းတွေပဲ ပေးရ မယ်ဆိုတာ မဟုတ်ဘူးလေ” ပန်းစည်းကို ဝယ်ခဲ့သူတဦးဖြစ်တဲ့ မာ့ခ်ရစ်ချတ်ဂျိုင်ဂန်တုန်းကတော့ “ကျနော် ကို ရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်ဖို့ ဒီပန်းစည်းကို ရွေးချယ်ခဲ့တာ၊ ဒါက တကိုယ်ရေသန့်ရှင်း မှုအတွက်လည်းပဲအဆင်ပြေပြီး ဗိုင်းရပ်စ်ကို ရှောင်နိုင်တယ်။ ကျနော်က ချစ်သူများနေ့ အတွက် လက်ဆောင်ကို သူများနဲ့မတူချင်ဘူး။ မိန်းမကို အမြဲ ပန်းတွေပဲ ပေးခဲ့တာလေ။ ခုဒါကတော့ သာမန်ထက် ထူးခြားတယ်၊ ဗိုင်းရပ်စ်ရန်က ကာကွယ်ပေးရာရောက်ပါ တယ်”လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ ဦးရှိပြီလို့ အတည်ပြုထားပြီး တဦးသေဆုံးသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၄၄၃၈ ဦးနဲ့ သေဆုံးသူ ၁၃၈၃ ဦးရှိပြီဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိပ်ပ်ချ်အို)ကတော့ ဒါကို အကြမ်းဖက်မှုတွေ ထက် ပိုပြီးအန္တရာယ်များတဲ့ နံပါတ်တစ်ရန်သူလို့ ရည်ညွှန်းထားပါတယ်။
1 year Ago
Up