ပန်းချီဆရာ

April 7, 2021

ပုသိမ်မြို့က ပန်းချီဆရာ ဦးသက်နောင်ကို ရဲနှင့် စစ်တပ်က ဖမ်းဆီး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၇ ရက်က မြို့ခံ ပန်းချီဆရာ ဦးသက်နောင်ရဲ့ နေအိမ်ကို ရဲနဲ့စစ်တပ်က အယောက် ၅၀ လောက်လာဝိုင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပန်းချီဆရာ ဦးသက်နောင် ရှောင်တိမ်းနေရာကနေ အိမ်ပြန်လာစဉ် အိမ်ကိုပြန်ရောက်ပြီး ခဏအကြာမှာ ရဲနဲ့စစ်တပ်အင်အားအလုံးအရင်းနဲ့ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

မိသားစုဝင်တွေကတော့ ဦးသက်နောင်ကို ရဲနဲ့စစ်တပ်က ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာကို မသိရသေးသလို ဖမ်းဆီးခံရပြီးနောက်ပိုင်း အဆက်အသွယ်မရတော့ဘူးလို့ ဆိုပါတယ်။

ရဲနဲ့စစ်တပ်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပန်းချီဆရာ ဦးသက်နောင်မှာ ရောဂါအခံရှိတာကြောင့် ပုံမှန်သောက်နေရတဲ့ ဆေးတွေမပါသွားလို့ မိသားစုကတော့ စိတ်ပူနေတယ်လို့ သိရပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် သေဆုံးသူ ၈ ဦးရှိပြီး ဖမ်းဆီးခံရသူ ကဗျာဆရာ ၁ ဦးအပါဝင် စုစုပေါင်း ၁၀ ဦးကျော်ရှိပြီလို့ သိရပါတယ်။

8 months Ago

August 13, 2020

ပန်းချီဆရာ ၂၄ ဦး၏ မြန်မာ့အလှ စုပေါင်းပန်းချီပြပွဲ (ဓာတ်ပုံ)

ပန်းချီပညာရှင် ၂၄ ဦးရဲ့ မြန်မာ့အလှအမည်ရှိ စုပေါင်းပန်းချီပြပွဲကို ရန်ကုန် ဗိုလ်ချုပ်ဈေးထဲက MAOC gallery မှာ ပြုလုပ်နေပါတယ်။  ဒီပြပွဲကို ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၂ ရက်ကနေ  ၁၆ ရက်အထိ ၅ ရက်ကြာ နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်း ပြသသွားမှာပါ။  ပန်းချီကား ၆၇ ကား (ရေဆေး ၁၄ ကား၊ ဆီဆေး ၄ ကား၊ အခရိုင်းလစ် ၄၉ ကား)  ပြသထားပြီး တကားကို ဒေါ်လာ ၁၀၀ ကနေ ၇၀၀ အထိ ရောင်းဈေး သတ်မှတ်ထားပါတယ်။ ဒီပွဲဟာ ကိုဗစ် -၁၉ ကပ်ရောဂါတွေကြောင့် ၄ လလောက် ရပ်နားထားအပြီး မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံးရဲ့ MAOC Art Gallery မှာ ပထမဆုံးအကြိမ် ပြန်လည် ကျင်းပတဲ့ ပန်းချီပြပွဲလည်း ဖြစ်ပါတယ်။ 
1 year Ago
Up