ပန်ဆိုင်း(ကြူကုတ်)

A d v e r t i s e m e n t With Us

December 26, 2019

ပန်ဆိုင်း(ကြူကုတ်)တွင် ကျင်းပသည့် စုပေါင်းခရစ္စမတ်ပွဲတော် (ဓာတ်ပုံ) 

ရှမ်းပြည်နယ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ကချင်စာပေနှင့် ယဉ်ကျေးမှုမနောကွင်းမှာ စုပေါင်းခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာ ၂၅ ရက်က ကျင်းပသွားပါတယ်။ စုပေါင်းခရစ္စမတ်ပွဲတော်မှာ ရှမ်းပြည်နယ် ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဦး‌ဇုတ်ဒေါင်နဲ့ လွှတ်တော်အမတ်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒေသခံပြည်သူတွေအပြင် တရုတ်နိုင်ငံ မန်စီ၊ ရွှေလီ၊ ရင်ကျန်းနဲ့ ဝမ်တိန်တို့မှ ကချင်တိုင်ရင်းသားပြည်သူတွေ တက်ရောက်ပါဝင်ဆင်နွှဲကြပါတယ်။ ပွဲတော်ကို ပန်ဆိုင်း(ကြူကုတ်)မြို့၊ နမ့်တောင်း‌ကျေးရွာနဲ့ ဖိုင်ကောင်းကျေးရွာတို့မှ စုပေါင်းကျင်းပတာဖြစ်ပြီး ဒီကနေ့မှာ ကျေးဇူးတော်ချီးမွမ်းပွဲ ကျင်းပပါတယ်။ Photo - Mai Ba Nyan(kutkai) / MPA
1 year Ago
Up