ပန်းခြံ

May 27, 2018

ဂျာမနီ နာမည်ကျော် ယူရိုပါပန်းခြံ မီးလောင်ကျွမ်း (ရုပ်သံ)

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း၊ ရက်စ် မြို့က နာမည်ကျော် ယူရိုပါ ပန်းခြံမှာ မေလ ၂၆ ရက်နေ့က မီးအကြီးအကျယ် လောင်ခဲ့ပါတယ်။ အင်တာနက် လူမှုကွန်ရက်မှာ တက်လာတဲ့ ဗွီဒီယိုတွေမှာတော့ မီးခိုးလုံးတွေ လေထဲကို ထိုးတက်နေတာကို တွေ့ရပါတယ်။ ဒါ့ပြင် မီးတောက်တွေဟာ ၁၅ မီတာ အမြင့်အထိ ရှိခဲ့တယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ဂျာမနီသတင်းမီဒီယာတွေက ဖော်ပြပါတယ်။ မီးလောင်ချိန်မှာ ပန်းခြံထဲက လူတွေကို ဘေးကင်းကင်း ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဒေသန္တရ ရဲမင်းကြီးက ပြောပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့သိရပြီး  ဒီပန်းခြံကို နှစ်စဉ်လာရောက်လည်ပတ်တဲ့ ခရီးသွားပမာဏဟာ ၅ သန်းခွဲကျော်အထိ ရှိပါတယ်။
4 years Ago
Up