ပန်းပုပွဲတော် ကျင်းပရန် ပြင်ဆင်

January 6, 2017

တရုတ်နိုင်ငံ ဟာဘေးမြို့တွင် ရေခဲပန်းပုပွဲတော် ကျင်းပရန် ပြင်ဆင်

တရုတ်နိုင်ငံ ဟာဘေးမြို့မှာ နှစ်စဉ် ကျင်းပနေကျ ရေခဲပန်းပုပွဲတော်ကို ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။ ဆောင်းရာသီအပူချိန်က ရေခဲမှတ်အောက် အနုတ် ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ကျဆင်းနေပါတယ်။ ဒါပေမယ့် ရေခဲပန်းပုပွဲတော်ကို ကြည့်ဖို့ ကမ္ဘာတလွှားက ခရီးသည် သန်းပေါင်းများစွာ လာမယ်လို့ မျှော်လင့်ထားပါတယ်။ အနုပညာရှင်တွေ သတိကြီးကြီး ထားပြီး ထုလုပ်ထားတဲ့ လက်ရာတွေဟာ ပွဲတော်ရဲ့ အနှစ်သာရပါ။ တရုတ်ရိုးရာ မီးထွန်းပွဲတော်ကို ပုံစံဆန်းသစ် ထားတဲ့ ရေခဲမီးပုံးလို့ သိကြတဲ့ ဖန်တီးမှု အတွက် ထွင်းဖောက် မြင်နိုင်စွမ်းကောင်းတဲ့ ရေခဲတွေ လိုအပ်ပါတယ်။ ပွဲစီစဉ်သူတွေဟာ ဆောင်းဟွာမြစ်ဆီ သွားရပါတယ်။ ဒီမြစ်ရေဟာ ရေခဲပြင်အောက်မှာ အဆက်မပြတ် စီးဆင်းနေလို့ ရေခဲတွေကို ပြောင်လက်အောင် အရောင်တင်ထားသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီမြစ်ကနေ ရေခဲထု ၁ သိန်း ၆ သောင်း ကုဗမီတာကို ထုတ်ယူပြီး ပွဲတော် ကျင်းပမယ့် နေရာကို သယ်ယူရပါတယ်။ အဲဒီနောက် ရေခဲတွေကို ဖြတ်တောက်ပြီး ရေခဲမျှော်စင်တွေ ရေခဲနန်းတော်တွေ ဆောက်လုပ်ရပါတယ်။ ပွဲတော်ဟာ ဇန်နဝါရီ အစောပိုင်းမှာ ဖွင့်လှစ်ပေမယ့် ရုပ်တုတွေကတော့ ဆောင်းရာသီ ကုန်ဆုံးချိန် အရေပျော်တဲ့ အချိန်ထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
5 years Ago
Up