ပန်းပင်တသန်းနီးပါး အပြည့်အဝပွင့်နေသည့် တရုတ်နိုင်ငံမှ ဥယျာဉ်

March 8, 2017

ပန်းပင်တသန်းနီးပါး အပြည့်အဝပွင့်နေသည့် တရုတ်နိုင်ငံမှ ဥယျာဉ် (ရုပ်သံ)

တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် မေ့ကျိုးမြို့က ဂေဟဥယျာဉ်ထဲမှာ စိုက်ထားတဲ့ ပန်းစိုက်ကွက်တွေကို ရုပ်သံဖိုင်ထဲမှာ မြင်တွေ့ရမှာပါ။ သီတင်းပတ်ကုန်ရက်တွေမှာ ခရီးသည်အများအပြား လာကြည့်အောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ပန်းပင် ၁ သန်းနီးပါး အပြည့်အဝပွင့်နေတဲ့ ရှုခင်းကိုကြည့်ဖို့ မန့်ထိုတောင်ကြားကို လာလည်ရေး ဒေသခံတွေသာမက နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေက ခရီးသည်အများအပြားက ရွေးချယ်ခဲ့ကြတာပါ။ ဒီဥယျာဉ်မှာ တနှစ်လုံးပွင့်တဲ့ ပန်းအမျိုးအစားပေါင်းစုံ မျိုးကွဲအတော်များများ ရှိနေတယ်လို့ ဥယျာဉ်ဝန်ထမ်းတဦးက ဆိုပါတယ်။ ခရီးသွားလုပ်ငန်းတိုးတက်အောင် စီမံခန့်ခွဲရေးအဖွဲ့က ပန်းခြံကို အပင်တွေ၊ ပန်းပင်တွေ ဖျော်ဖြေရေး၊ ဧည့်ခံ ပြုစု တင်ဆက်မှုနဲ့ မင်္ဂလာဆောင်အကြို ဓာတ်ပုံရိုက်တာ စတာတွေပါဝင်အောင် တည်ဆောက်ထားပါတယ်။
5 years Ago
Up