ပန်းတနော်

A d v e r t i s e m e n t With Us

May 16, 2019

ဝါးအိမ်များ မီးရှို့ခံရသည့် ပန်းတနော် ရွှေဖလားကျွန်းရွာတွင် လုံခြုံရေး တင်းကြပ်ထား

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ရွှေဖလားကျွန်းကျေးရွာက ကမ်းပြိုပြီး နေစရာအခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု ၁၀ စုရဲ့ ဆောက်လုပ်စဲဝါးအိမ်တွေ မေ ၁၃ ရက်နေ့ ညနေပိုင်းက လူအုပ်စုနဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် ကျေးရွာတွင်း ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားစေဖို့ ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားပါတယ်။ ရွှေဖလားကျွန်းကျေးရွာမှာ မြစ်ကမ်းပါးပြိုကျတာကြောင့် နေစရာအခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုတွေဟာ ယာယီဝါးတဲတွေ ဆောက်လုပ်နေထိုင်နေတာမှာ အိမ်ထောင်ဦးစီးတွေ မရှိချိန် ဆောက်လုပ်ဆဲ ဝါးအိမ်တွေကို မအူပင်မြို့နယ် တံခွန်တိုင်ကျေးရွာက ရွာသား ၅၀ လောက်က သူတို့ကျေးရွာနယ်နိမိတ်ထဲမှာ ဆောက်လုပ်တယ်ဆိုပြီး လာရောက်ဖျက်ဆီး မီးရှို့ခဲ့တာကြောင့် ကျေးရွာနှစ်ရွာက ဒေသခံတွေ ပဋိပက ဆက်လက် မဖြစ်ပွားအောင် လုံခြုံရေး တင်းကျပ်ထားတာလို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။ “နေစရာ အခက်အခဲဖြစ်လို့ လူကြီးတွေက သတ်မှတ်ပေးတဲ့ နေရာမှာ ဆောက်တာပါ။ နယ်ခြားကျောက်တိုင်တွေလည်း ရှိပါတယ်။ သူတို့မြေထဲ မရောက်ပါဘူး။ အဲ့ဒါ သူတို့ဘက် ရောက်တယ် ဆိုပြီး တံခွန်တိုင်ရွာ  ရာအိမ်မှူးဦးဆောင်တဲ့ အယောက် ၅၀ က မင်းမဲ့စရိုက်ဆန်ဆန် အင်္ကျီတွေကအစ မီးရှို့သွားတာပါ။ ကျနော်တို့ကတော့ တရားဥပဒေ စိုးမိုးအောင် လုပ်ပေးစေချင်ပါတယ်” လို့ ရွှေဖလားကျွန်းကျေးရွာသား ဦးမျိုးသန့်က ပြောပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့ ဆောက်လုပ်စဲ ဝါးတဲတွေမှာ နေထိုင်တဲ့ အိမ်ထောင်စု ၁၀ စုကိုတော့ လတ်တလော ကသဝင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ယာယီနေထိုင်ဖို့ တာဝန်ရှိသူတွေက နေရာချထားပေးပါတယ်။ မေလ ၁၅ ရက်နေ့မှာ ပန်းတန်ာမြို့နယ်နဲ့ မအူပင်မြို့နယ်က အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက လာရောက်ညှိနှိုင်းတာတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ ပန်းတနော်မြို့နယ် ရွှေဖလားကျွန်းကျေးရွာဟာ တိုးမြစ်ရေ တိုက်စားတာကြောင့် မြစ်ကမ်းပါးတွေ ပြိုကျခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ်ကစတင်ပြီး ရွာလုံးကျွတ်နီးပါးပြောင်းရွှေ့တာတွေ ပြုလုပ်ခဲ့ရပြီး ၂၀၁၈ မိုးတွင်းကာလက ရွာဦးစေတီတော်ပါ မြစ်ကမ်းပါးပြိုကျပြီး ရေထဲမျှောပါခဲ့တဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။
2 years Ago

October 27, 2015

ပန်းတနော် လယ်သိမ်းခံလယ်သမားများဆန္ဒပြ

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်ထဲက လယ်ယာမြေတွေသိမ်းဆည်းခံခဲ့ရတဲ့ လယ်သမားတွေဟာ အောက်တိုဘာလ ၂၇ ရက်နေ့ ဒီကနေ့မနက် ၈ နာရီက မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ အင်အား ၂၀၀ ကျော်နဲ့ဆန္ဒပြခဲ့ကြတာဖြစ်ပြီး မြစ်ဝရေကြီးကွင်းဒေသ လယ်သမားများ ဘ၀ လွတ်မြောက်ရေး၊ လယ်ယာမြေပေါ်က အင်းလုပ်ငန်းတွေဖျက်သိမ်းပေးရေး၊ တောင်သူ လယ်သမားတွေ လယ်ပိုင်ဆိုင်ခွင့်ရရှိရေး၊ လယ်ယာမြေနဲ့ပတ်သက်တဲ့ အကျင့်ပျက်ဝန်ထမ်းတွေ အရေးယူပေးရေး စတာတွေ ကြွေးကြော် တောင်းဆိုခဲ့ကြပါတယ်။ ပန်းတနော် ရဲစခန်းမှာခွင့်ပြုမိန့်တင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြလယ်သမား ခေါင်းဆောင်တွေ ဟာ ပန်းတနော်မြို့ အ၀င်ဝနဲ့ လူစည်ကားရာနေရာတွေအပြင် ဌာနဆိုင်ရာ အစိုးရ ရုံးတွေရှေ့မှာလည်း ဆန္ဒဖော်ထုတ်တာနဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ လယ်သမားတွေဆန္ဒပြတဲ့နေ့မှာပဲ ပန်းတနော်တရားရုံးက ဒေသခံ လယ်သမား ၃ ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ အကျိုးစီးပွားပျက်စီးစေမှု ပုဒ်မတွေနဲ့ အမိန့်ချမှတ်ဖို့ရှိနေတာပါ။ ပန်းတနော်ဒေသမှာ သိမ်းဆည်းခံ လယ်ယာမြေတွေပေါ်မှာ ပြန်လည်ထွန်ယက်စိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး လယ်သမား ၁၀ ဦးအပါအဝင် သတင်းသမား ၁ ဦးလည်း အမှုရင်ဆိုင်နေရပါတယ်။ သတင်းဓာတ်ပုံ - ကိုအောင်ကျော်
5 years Ago
Up