ပန်းစည်းပေးခဲ့သူ (ရုပ်သံ)

September 16, 2017

ဗန်ကားကို ချစ်သူနေထိုင်ရာ အခန်းပြတင်းထိ ကရိန်းဖြင့်မပြီး ပန်းစည်းပေးခဲ့သူ (ရုပ်သံ)

ဆိုက်ဘီးရီးယားနိုင်ငံ ဘစ်က်မြို့မှာ လော်ရီကားမောင်းသမားတဦးက ရည်းစားကောင်မလေးရဲ့မွေးနေ့မှာ သူ့ရဲ့ချစ်မေတ္တာကို ဖော်ပြဖို့ အများနဲ့ မတူထူးခြားတဲ့ နည်းလမ်းနဲ့ အံ့သြအောင် ပြုလုပ်ခဲ့ပါတယ်။ ကားသမား ဆာရှာက ကားကို သူ့ကောင်မလေး အယ်လီနာ နေထိုင်ရာတိုက်ခန်းရဲ့ အပြင်ဘက်ထိ မတင်နိုင်အောင် ကရိန်းတခုငှားရမ်းပြီး မနက် ၇ နာရီမှာ ကောင်မလေးရဲ့ အခန်းပြတင်းတံခါးကို ခေါက်ခဲ့တာပါ။ ထူးထူးဆန်းဆန်း တခုခုကို ကြည့်ဖို့ ပြတင်းတံခါးဝမှာ ကောင်မလေး ပေါ်လာချိန် ကားသမားက အမျိုးသမီးကို ပန်းစည်းပေးပြီး အံ့သြစေခဲ့ပါတယ်။ စတန့်ထွင်ပြီး လုပ်ခဲ့သူရဲ့ဘက်ကို မမြင်ရပေမယ့် အိမ်နီးချင်းအချို့ကတော့ ရဲတွေခေါ်ခဲ့တယ်လို့ သိရပါတယ်။ ရိုက်ကူးထားတဲ့ရုပ်သံထဲမှာ အယ်လီနာက သူမရဲ့အိမ်ပြတင်းပေါက်နားမှာ ရည်းစားဖြစ်သူကို တွေ့သွားချိန် မျက်နှာကို လက်ဝါးနဲ့အုပ်ထားပြီး ရယ်နေတာကို တွေ့ရပါတယ်။ ကရိန်းကို အစောပိုင်းကတည်းက ကောင်မလေးနေထိုင်ရာတိုက်နားမှာ ထားထားတာဖြစ်ပြီး ကားထဲက သီချင်းသံအကျယ်ကြီးကြောင့် ၅ ထပ်တိုက်ခန်းက အိမ်နီးချင်းတွေက ထိတ်လန့်သွားကြတယ်လို့ သိရပါတယ်။ မျက်နှာနီနေတဲ့ အယ်လီနာက ဒီဖြစ်ရပ်အတွက် အိမ်နီးချင်းတွေကို တောင်းပန်ခဲ့ပြီး “ဒီနေ့အံ့သြသင့်စရာက ကျမရဲ့မှတ်ညဏ်ထဲမှာ အကြာကြီး ရှိနေမှာပါ။ အားလုံးတက်ကြွနေပြီး ကျမလည်း ထိတ်လန့်ပြီး စိတ်ကျေနပ်ပျော်ရွှင်နေပါတယ်” လို့ အယ်လီနာက ပြောပါတယ်။ အိမ်နီးချင်းအချို့ ရဲခေါ်လို့ အယ်လီနာက “ငြိမ်းချမ်းတိတ်ဆိတ်နေတာကို အနှောင့်အယှက်ဖြစ်သွားစေလို့ တောင်းပန်ကြောင်း” ပြောခဲ့ပါတယ်။ ဒီရုပ်သံလူမှုကွန်ရက်မှာ ပျံ့နှံ့ချိန် မှတ်ချက်ရေးသူတဦးက “အဲ့ဒီနေရာသာ ငါနေတဲ့ နေရာဖြစ်ကြည့် ဒီလူနဲ့ အပေါင်းအပါတွေ ချက်ခြင်း အရိုက်ခံရမှာ” လို့ ရေးထားကြောင်း မေရာသတင်းမှာ စက်တင်ဘာလ ၁၅ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up