ပန်းချီရေးဆွဲ

A d v e r t i s e m e n t With Us

July 19, 2019

အာဇာနည် ၉ ဦးကို ဂုဏ်ပြုသည့်အနေဖြင့် မန္တလေးက ဂရပ်ဖစ်တီပညာရှင် ပန်းချီရေးဆွဲ

အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေးမြို့က ဂရပ်ဖစ်တီလူငယ်ပညာရှင် MC Prince က အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးရဲ့ရုပ်ပုံကို ပန်းချီရေးဆွဲခဲ့ပါတယ်။ အခုလို ပန်းချီရေးဆွဲတာက အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ရော ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးကို မမေ့လျော့စေဖို့ ရည်ရွယ် ရေးဆွဲခဲ့တာလို့  MC Prince က ပြောပါတယ်။ အရင်နှစ်တွေတုန်းကလည်း MC Prince က ဂရပ်ဖစ်တီပညာနဲ့ အာဇာနည်နေ့ကို ဂုဏ်ပြုရေးဆွဲခဲ့ပေမယ့် ဒီနှစ်မှာတော့ ဇွန်လနောက်ဆုံးအပတ်ကစတင်ပြီး  ပန်းချီကားတွေ ရေးဆွဲ ဂုဏ်ပြုတာဖြစ်ပါတယ်။ ရေးဆွဲထားတဲ့ပန်းချီကား ၉ ကားထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုပ်ပုံကို အရင်က အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံတော်အလံနောက်ခံထားရေးဆွဲထားပြီး ကျန်အာဇာနည် ၈ ဦးရဲ့ပုံကိုတော့ ပုံတူ ပန်းချီ ရေးဆွဲထားပါတယ်။
2 years Ago
Up