ပန်းချီဆရာ

November 10, 2018

ပန်းချီဆရာ မောင်လေးထွန်း၏ တကိုယ်တော်ပန်းချီပြပွဲ ကျင်းပ

မန္တလေးမြို့ မန္တလေးတောင်ခြေ ခြင်္သေ့ကြီးနှစ်ကောင်အနီးရှိ Mandalay Hill Art Gallery မှာ ပန်းချီဆရာ မောင်လေးထွန်းရဲ့ “The Cat and The Cock” အမည်ပေးထားတဲ့ တကိုယ်တော် ပန်းချီပြပွဲကို ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံက ပန်းချီဆရာတွေရဲ့ မော်ဒန် ပန်းချီကားတွေက ဥရောပ မော်ဒန်ပန်းချီတွေနဲ့ ဆင်တူရုံသာမက ပိုမိုကောင်းမွန်အောင် ရေးဆွဲနိုင်တယ်ဆိုတာကို ပြသချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို ပြသတာပါ။ ပန်းချီဆရာ မောင်လေးထွန်းက “ဥရောပကလာတဲ့ မော်ဒန်ပန်းချီကို အာရှမှာ ကျနော်တို့ မြန်မာပြည်ကလည်း ကောင်းကောင်းရေးတတ်တယ်ဆိုတာကို ပြချင်လို့ သိစေချင်လို့ အခုလို ပြသတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီပန်းချီပြပွဲမှာ ပန်းချီဆရာ မောင်လေးထွန်း ရေးဆွဲထားတဲ့ မော်ဒန်ပန်းချီအမျိုးအစား ပန်းချီကား ၄ဝ  ပြသထားပြီး ပန်းချီကားတကားကို အနည်းဆုံး ကျပ် ၃ သိန်း ၅ သောင်းကနေ အများဆုံး ကျပ် ၇ သိန်းထိ ဈေးနှုန်းသတ်မှတ်ထားပါတယ်။ The Cat and The Cock တကိုယ်တော်ပန်းချီပြပွဲကို နိုဝင်ဘာ ၁ဝ ရက်ကနေ ၁၄ ရက်အထိ နေစဉ် မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ ပြသမှာဖြစ်ပါတယ်။ ဒီပန်းချီပြပွဲက ပန်းချီဆရာ မောင်လေးထွန်းရဲ့ (၈) ကြိမ်မြောက် တကိုယ်တော် ပြသခြင်းဖြစ်တယ်လို့ သိရပါတယ်။ သော်တာ
3 years Ago

June 29, 2018

အိပ်မက်များဖြင့်ရှင်သန်သူ (သို့) ၁ဝ နှစ်သား ပါရမီရှင် ပန်းချီဆရာလေး (ရုပ်သံ)

ကာရင်းမ် ဝါရစ္စ အိုလာမိုင်လ်ကန်ဟာ အသက် ၁ဈ နှစ်အရွယ်သာ ရှိသေးတဲ့ နိုင်ဂျီးရီးယား ကလေးငယ်တယောက်ဖြစ်ပေမယ့် သူ့မှာ ထူးခြားတဲ့ အထုံပါရမီတခု ရှိနေပါတယ်။ အဲဒါကတော့ အသက်အရွယ်နဲ့မမျှတဲ့ ပန်းချီအနုပညာ ဖန်တီးနိုင်မှုစွမ်းအားဖြစ်ပြီး လက်ရှိမှာတော့ သူဟာ ပန်းချီဆရာတဦးအဖြစ် ရှင်သန်နေထိုင်မယ့် အိပ်မက်တွေနဲ့ လျှောက်လှမ်းနေခဲ့ပါပြီ။ သူဟာ ကျောင်းမှာ အသက် ၆ နှစ်အရွယ်လောက်က စတင်ကာ ပန်းချီရေးဆွဲခဲ့ပြီး ဆွဲဖြစ်ခဲ့တဲ့ ပုံတွေကတော့ သူ့သူငယ်ချင်းတွေရဲ့ ပုံတွေ၊ ပုံနှိပ်စာအုပ်တွေ၊ သတင်းစာတွေထဲက ကာတွန်းဇာတ်ကောင်တွေ၊ ရုပ်ပြပုံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ “ကျနော်က ခဲခြစ်ပုံတူ သရုပ်မှန်ပုံတွေ ဆွဲတယ်။ ပန်းချီဆွဲဖို့ စိတ်ကူးဉာဏ် ကွန့်မြူးမှုကိုတော့ အနီးနားက၊ အထူးသဖြင့် ကျနော့်မိသားစုဆီက ရပါတယ်။” ကာရင်းမ် ဝါရစ္စ အိုလာမိုင်လ်ကန်က သူ အထူးအားကျရသူတွေကတော့ ကမ္ဘာကျော် ပန်းချီပန်းပုနဲ့ ဗိသုကာပညာရှင် မိုက်ကယ်အိန်ဂျလိုနဲ့ နိုင်ဂျီးရီးယားသရုပ်ဆောင် အိုင်ရန်ဇီတို့ ဖြစ်တယ်လို့ ပြောပါတယ်။ အိပ်မက်တွေနဲ့ ရှင်သန်နေထိုင်တဲ့ သူက “ကျနော့်ကိုယ်ကျနော် တချိန်ကျရင် ပြတိုက်တွေမှာ နာမည်ကြီး ပန်းချီဆရာကြီးတွေနဲ့ အတူယှဉ်တွဲ ဖော်ပြထားတာမျိုး ဖြစ်ချင်တယ်” လို့ ဆိုပါတယ်။ သူ့ရဲ့ အကောင်းဆုံးလက်ရာကိုတော့ “နေ့စဉ်အာဟာရ” လို့ အမည်ပေးထားတဲ့ ပန်းချီကားကို ဖော်ပြခဲ့ပြီး ဘာကြောင့် ရွေးချယ်ဖော်ပြရသလဲ ဆိုတာကိုတော့ ခုလိုပြောပါတယ်။ “ဒီကားထဲမှာ မြင်ရမှာက ချွေးစက်နဲ့ မျက်ရည်တွေ။ ဒါကို မစားနိုင်ခင်မှာ ကျနော့်မိသားစုက အလုပ်ကြိုးစားလုပ်ရတယ်။ အဲဒါက ကျနော့်ကို အင်အားရစေပါတယ်။”
3 years Ago
Up