ပန်နန်ကာဖရီးကစ်

April 1, 2019

ကမ္ဘာ့ပထမဆုံး ပန်နန်ကာဖရီးကစ် ကန်သွင်းခဲ့သည့် မက်ဆီအား ပရိသတ်များ ချီးကျူး (ရုပ်သံ)

အက်စ်ပန်ညိုအသင်းနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီရဲ့ ဖရီးကစ်​ဂိုးနဲ့ပတ်​သက်​ပြီး ပရိသတ်​​တွေ ချီးကျူးခဲ့ကြပါတယ်​။ အဲဒီပွဲစဉ်မှာ ဘာစီလိုနာအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး မက်ဆီက ဖရီးကစ်သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရယူနိုင်ခဲ့သလို ပွဲပြီးခါနီးမှာလည်း တဂိုးထပ်သွင်းခဲ့ပါတယ်။ အက်စ်ပန်ညိုအသင်း ဧရိယာထိပ်မှာရခဲ့တဲ့ ဖရီးကစ်ကို မက်ဆီက ပန်နန်ကာ (Panenka) ကန်ချက်နဲ့ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပန်နန်ကာကန်ချက်ဆိုတာက ပယ်နယ်တီကန်သွင်းတဲ့ အချိန်မှာပဲ ဘောလုံးကျွမ်းကျင်မှု ကောင်းမွန်တဲ့ ကစားသမားတွေ အသုံးပြုလေ့ရှိတဲ့ ကန်သွင်းချက် ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ် ဥရောပဖလား ဗိုလ်လုပွဲမှာ ချက်ကစားသမား အန်တိုနင်ပန်နန်ကာက ပယ်နယ်တီကန်သွင်းရာမှာ ဘောလုံးအောက်ခြေကို နည်းစနစ်ကျကျ အသာအယာမတင်ပြီး ဂျာမနီအသင်းဘက်ကို လှလှပပ ကန်သွင်းယူနိုင်ခဲ့တာကြောင့် သူ့ကိုအစွဲပြုပြီး ပန်နန်ကာ ကန်ချက်လို့ ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ အက်စ်ပန်ညိုနဲ့ပွဲစဉ်မှာ မက်ဆီသွင်းယူခဲ့တဲ့ ပန်နန်ကာကန်ချက်နဲ့ သွင်းဂိုးကတော့ ပယ်နယ်တီကနေမဟုတ်ဘဲ ဖရီးကစ်ကနေ သွင်းယူခဲ့တာကြောင့် ကမ္ဘာ့ပထမဆုံး ပန်နန်ကာ ဖရီးကစ်လို့ ပရိသတ်တွေက တင်စားပြီး ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ မက်ဆီဟာ ကွင်းထဲကို ခြေချလိုက်တာနဲ့ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ကန်ချက်တွေ ပြုလုပ်လေ့ရှိသူ ဖြစ်တယ်​လို့ ပရိသတ်​တ​ဦးက တွစ်​တာက​နေ ချီးကျူးသွားခဲ့ပါတယ်​။
2 years Ago
Up