ပန်ဒါဝက်ဝံ

May 23, 2017

အချင်းချင်းအနိုင်ကျင့်သည့် ပန်ဒါဝက်ဝံပေါက်ကလေးကို မိခင်က အပြစ်ပေး (ရုပ်သံ)

လူတို့ကမ္ဘာမှာတင်မက တိရစ္ဆာန်တွေရဲ့ ပတ်ဝန်းကျင်မှာလည်း ချစ်ခြင်းမေတ္တာတရားနဲ့ ကိုယ်ချင်းစာတရားဟာ အရေးကြီးတယ်ဆိုတာ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ စီဂျီတီအဲန်သတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ပန်ဒါဝက်ဝံပေါက်ကလေး ၂ ကောင်ဟာ အချင်းချင်း လုံးထွေးနေကြပြီး တကောင်က နောက်တကောင်ကို အနိုင်ကျင့်နေချိန်မှာ ဘာများဆက်ဖြစ်ပါလိမ့်မလဲ။ သိပ်မကြာခင်မှာပဲ သူတို့နားကို မိခင်ပန်ဒါဝက်ဝံမကြီး ရောက်ရှိလာခဲ့ပြီး အနိုင်ကျင့်ခဲ့တဲ့ ပန်ဒါဝက်ဝံပေါက်ကလေးကို ကန်ထုတ်ကာ အပြစ်ပေးခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ ညီအစ်ကိုမောင်နှမတွေကြားက ချစ်ခြင်းမေတ္တာတရားကို တန်းတူညီမျှမှုနဲ့ တည်ဆောက်နိုင်ဖို့ မိခင်ရဲ့ သွန်သင်မှုဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။
4 years Ago
Up