ပန်ဒါချည်မျှင်အထည်စက်ရုံ

A d v e r t i s e m e n t With Us

November 2, 2016

ပန်ဒါချည်မျှင်အထည်စက်ရုံ အလုပ်သမားခေါင်းဆောင်များနှင့် အစိုးရတာဝန်ရှိသူများ ဆွေးနွေး

ပလိပ်မြို့ ပန်ဒါချည်မျှင်အထည်စက်ရုံက ရက် ၁၅၀ ကျော်ကြာ သပိတ်မှောက်နေတဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတွေ နိုဝင်ဘာလ ၁ ရက်နေ့မှာ အခုမှောက်ထားတဲ့ သပိတ်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ ဆွေးနွေးပွဲက မပြီးပြတ်ဘဲ တိုင်းဒေသကြီးအစိုးရအနေနဲ့ အလုပ်သမားနဲ့ အလုပ်ရှင် အမြန်ပြေလည်မှုရရှိရေးအတွက် အရင်စာချုပ်တွေအစား ယာယီ နှစ်ဖက် သဘောတူစာချုပ် ချုပ်ဆိုပေးနိုင်ဖို့ နိုဝင်ဘာလ ၂ ရက်နေ့ နေ့လယ် ၁ နာရီမှာ ပြန်လည်ချိန်းဆိုထားပါတယ်။ ပန်ဒါအထည်ချုပ်စက်ရုံဟာ အရင် စက်မှုဝန်ကြီးဌာနပိုင် ပလိပ်ချည်မျှင်နဲ့ အထည်အချောကိုင်စက်ရုံ ဖြစ်ပြီး စက်ရုံကို ပုဂ္ဂလိကကို လွှဲပြောင်းငှားရမ်းရာမှာ မူလအစိုးရခန့် အလုပ်သမားတွေကိုပါ တပါတည်း လွှဲပြောင်းခဲ့ပါတယ်။ အဲဒီနောက် စာချုပ်ပါ အချက်အလက်တွေနဲ့ မကိုက်ညီမှုတွေ ရှိလာတာကြောင့် လွှဲပြောင်းခံ စက်ရုံလုပ်သားတွေက ပင်ဒါကုမ္ပဏီကို သပိတ်မှောက် ဆန္ဒပြခဲ့ကြတာပါ။ အဲဒီဆန္ဒပြမှုမှာ အလုပ်သမားဝန်ကြီးဌာနက ပင်ဒါကုမ္ပဏီကို စာချုပ်ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုထားပါတယ်။
4 years Ago
Up