ပန်ဒါ

October 30, 2018

နှင်းတောထဲ ဆော့ကစားနေကြသည့် ချစ်စရာ ပန်ဒါဝက်ဝံကလေးများ (ရုပ်သံ)

ရာသီပြောင်းချိန်မှာ နှင်းတွေကျရောက်လာတဲ့ အခိုက်အတန့်ဟာ လူသားတွေအတွက်တင် မဟုတ်ဘဲ ပန်ဒါဝက်ဝံကလေးတွေအတွက်တောင် စိတ်ကြည်နူးစရာ အချိန်တချိန်ပါပဲ။ နှင်းတောထဲမှာ ဆော့ကစားရတာဟာလည်း သူတို့အတွက် ပျော်ရွှင်စရာ ကောင်းနေလိမ့်မယ်ဆိုတာ ဒီရုပ်သံဗွီဒီယိုဖိုင်က သက်သေပြနေပါတယ်။ ဒီအဖြစ်အပျက်ဟာ အောက်တိုဘာ ၂၈ ရက်နေ့က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဟိုင်လောင်ကျင်းခရိုင်ထဲမှာ ဖြစ်ခဲ့ပြီး ဆောင်းဦးရာသီရဲ့ သင်္ကေတလို့ တင်စားရမယ့် နှင်းတွေဝေတဲ့ အချိန်မှာ ရိုက်ကူးထားခဲ့တာပါ။ အံ့အားသင့် ပျော်ရွှင်နေကြတဲ့ ပန်ဒါဝက်ဝံကလေးတွေဟာ နှင်းတွေကြားမှာ ပြေးလွှားလိုက်၊ ဆော့ကစားလိုက်နဲ့ ရှိနေကြတဲ့ ပုံရိပ်တွေကို ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
3 years Ago

June 30, 2017

တရုတ်တွင် ပန်ဒါ အထီး အမ အမြွှာ မွေးဖွား (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချန်ဒူ ပန်ဒါမွေးမြူရေးနဲ့ သုတေသနစခန်းမှာ ဇွန်လ ၂၇ ရက်နေ့က ပန်ဒါအမြွှာလေး မွေးဖွားခဲ့ပါတယ်။ အဲဒီပန်ဒါအမြွှာနှစ်ကောင်ဟာ အထီးလေးနဲ့ အမလေးတို့ ဖြစ်ကြပြီး ပန်ဒါမကြီး ချန်ဒါက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပန်ဒါအမလေးဟာ အလေးချိန် ၁၂၈ ဒသမ ၂ ဂရမ်ရှိပြီး အထီးလေးကတော့ ၁၆၀ ဒသမ ၂ ဂရမ်ရှိပါတယ်။ ပန်ဒါမကြီးနဲ့ ပန်ဒါပေါက်လေးတွေရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ ပန်ဒါသုတေသနစခန်းက ဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
More News
Up