၂၀၁၁ ခုနှစ်က ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူးကို ပစ်သတ်ခဲ့တဲ့ သူ့ရဲ့သက်တော်စောင့်ကို ဖေဖော်ဝါရီ ၂၈ ရက် မနက်က အစ္စလာမ္မာဘတ်မြို့နားက အကျဉ်းထောင်တခုမှာ ကြိုးပေးကွပ်မျက်လိုက်ပါတယ်။
ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆလ်မန် တဆီယာ (Salman Taseer) ဟာ အလ္လာအရှင်မြတ်ကို ထိခိုက်စော်ကားမှု ဥပဒေကို ဆန့်ကျင်ကန့်ကွက်လို့ဆိုပြီး သူ့ရဲ့သက်တော်စောင့် မွန်တဇ် ကာဒရီ (Mumtaz Qadri) က ၂၀၁၁ ခုနှစ်က အစ္စလာမ္မာဘတ်မြို့မှာပဲ ပစ်သတ်ခဲ့တာပါ။
ကာဒရီကတော့ တဆီယာကို ဘာသာရေးအရ ပစ်သတ်ဖို့ တာဝန်ရှိတယ်လို့ ပြောပါတယ်။
အဲ့ဒီကာလက မွတ်စလင် ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ရှေးရိုးစွဲ မွတ်စလင်တွေက ကာဒရီရဲ့လုပ်ရပ်ကို ထောက်ခံအားပေးခဲ့ကြပါတယ်။
ကာဒရီကို ကွပ်မျက်မှုအပေါ် မကျေနပ်တဲ့ သူ့ကိုထောက်ခံသူတချို့က ဆန္ဒပြမှုတချို့ရှိခဲ့ပြီး အစ္စလာမ္မာဘတ်မြို့တော်မှာရှိတဲ့ ကာဒရီရဲ့ နေအိမ်ပတ်ဝန်းကျင်မှာလည်း လုံခြုံရေး တိုးမြှင့်ချထားခဲ့ပါတယ်လို့ သတင်းတွေက ဆိုပါတယ်။
5 years Ago