ပနားမားရဲ

February 27, 2020

ပနားမားတွင်  လှေတစီးပေါ်က မူယစ်ဆေး ၅ တန် သိမ်းဆည်းရမိ

ပနားမားရဲတွေဟာ နိုင်ငံအနောက်မြောက်ပိုင်းမှာ လှေတစီးပေါ်ကနေ မူးယစ်ဆေး ၅ တန်ကို သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားလေကြောင်းရေကြောင်းဌာနက ပြောပါတယ်။  ဖေဖော်ဝါရီ ၁၉ ရက်က စစ်ဆင်ရေးအတွင်း ဖမ်းမိတဲ့ မူးယစ်ဆေးတွေကို အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၆ရက်မှာ ထုတ်ပြခဲ့တာပါ။  အိမ်လုပ်လှေပေါ်က ကိုလံဘီယာနိုင်ငံသား ၄ ယောက်ကိုလည်း ရဲတွေက ဖမ်းခဲ့တယ်လို့ ဌာနက ပြောပါတယ်။ ဖမ်းမိတဲ့လှေဟာ မူးယစ်ဆေးတွေကို သယ်နိုင်စွမ်းရှိတဲ့ ပထမဆုံး အိမ်လုပ်လှေအမျိုးအစား ဖြစ်တယ်လို့ တရားရေးသတင်းရင်းမြစ်က ပြောပါတယ်။
2 years Ago
Up