ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ခံရသူတွေ လိုက်ပါလာတဲ့ အပျော်စီးသင်္ဘော အမ်အက်စ် ဇန်းဒမ်ကို မတ်လ ၃၀ ရက်မှာ ပနားမားတူးမြောင်း ဖြတ်သန်းခွင့် ပြုခဲ့ပါတယ်။
သင်္ဘောပေါ်က ခရီးသည် ၁၃၀ ကျော်ဟာ တုပ်ကွေး ဆန်ဆန် လက္ခဏာတွေ ပြသပြီးနောက် နှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ခဲ့ရကာ ခရီးသည် ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ပနားမားတူးမြောင်းဖြတ်ပြီးနောက်မှာတော့ အမ်အက်စ်ဇန်းဒမ်ဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဖို့တ်လော်ဒါဒေးလ်ဆီ ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။
ပနားမားအစိုးရက ဘယ်ခရီးသည် ၊ ဘယ်သင်္ဘော အမှုထမ်း တဦးတလေကိုမှ ပနားမား မြေပေါ် ဆင်းခွင့်မပြုဘူးလို့ အလေးပေးပြောခဲ့ပါတယ်။
တောင်အမေရိက အပျော်စီးသင်္ဘော အမ်အက်စ် ဇန်းဒမ်ကို အစောပိုင်းမှာ ပနားမား အာဏာပိုင်တွေက တူးမြောင်းဖြတ်ခွင့် ငြင်းဆန်ခဲ့ပါတယ်။
အဲဒီနောက်မှတော့ ရောဂါလက္ခဏာမပြတဲ့ ခရီးသည် ၄၀၁ ဦးကို နောက်သင်္ဘော တစီး ပေါ် ပြောင်းခွင့်ပြုတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
အဲဒီ အပျော်စီးသင်္ဘော အမ်အက်စ် ဇန်းဒမ်ပေါ်မှာ ခရီးသည် ၁၂၄၃ ဦးနဲ့ သင်္ဘော အမှုထမ်း ၅၈၆ ဦး လိုက်ပါလာသလို ဆရာဝန်နဲ့ သူနာပြု ၄ ဦးစီ လိုက်ပါလာတယ်လို့လည်း ရိုက်တာ သတင်းမှာဖော်ပြပါတယ်။
2 years Ago