ပနားမား

A d v e r t i s e m e n t With Us

December 1, 2020

ပနားမားပင်လယ်ပြင် ကင်းလှည့်စစ်ဆေးရေးတွင်  မူးယစ်ဆေးဝါး ၅ တန်ကျော် ဖမ်းဆီးမိ

ပနားမားနိုင်ငံက အာဏာပိုင်တွေဟာ အနောက်ပစိဖိတ်ဒေသနဲ့ ကာရစ်ဘီယံ ပင်လယ် အနောက်ပိုင်းတလျှောက် နိုဝင်ဘာ ၂၈ နဲ့ ၂၉ ရက်တွေက ပင်လယ်ပြင် ကြားဖြတ်စစ်ဆင်ရေးနဲ့ ကင်းလှည့်စစ်ဆေးရေးလုပ်ဆောင်ရာမှာ မူးယစ်ဆေးဝါး ၅ တန်ကျော် သိမ်းဆည်းရမိခဲ့ပါတယ်။ ပနားမားရေတပ်က မြန်နှုန်းမြင့် လှေ ၄ စီးကို ကြားဖြတ်ဟန့်တားရာမှာ မူးယစ်ဆေး ၅,၉၇၇ ထုပ်ကို သိမ်းဆည်းရမိပြီး ကိုလံဘီယာနိုင်ငံသား ၈ ယောက်၊ ကော့စ်တာရီကာ နိုင်ငံသား ၄ ယောက်နဲ့ နီကာရာဂွါနိုင်ငံသား ၁ ယောက်တို့ကို ဖမ်းဆီးခဲ့ပါတယ်။ အလယ်အမေရိကနဲ့ မက္ကစီကိုတို့ဟာ တောင်အမေရိကတိုက်က ကိုကင်းတွေကို အမေရိကန်ဈေးကွက်ဆီ ဖြန့်ဖြူးရာမှာ အဓိကကုန်တင်ကုန်ချ အကူးအပြောင်းလုပ်ရာ ကြားစခန်းတွေ ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
3 months Ago

July 7, 2020

ပနားမားသမ္မတဟောင်း၏ သားနှစ်ဦး ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးခံရ

ပနားမား သမ္မတဟောင်း ရီကာဒိုမာတီနယ်လီရဲ့ သားနှစ်ယောက် ဇူလိုင် ၆ ရက်က ဂွါတီမာလာနိုင်ငံထဲမှာ အဖမ်းခံရအပြီး ငွေကြေးခဝါချမှု စွဲချက်နဲ့ အမေရိကန်နိုင်ငံကို လွှဲပေးခံရမယ့် အရေးကို ရင်ဆိုင်နေရတယ်လို့ ဂွါတီမာလာ ရဲတွေက ပြောပါတယ်။ အသက် ၃၈ နှစ်နဲ့ ၄၀ နှစ် အသီးသီးရှိတဲ့ ပနားမား သမ္မတဟောင်းရဲ့ သားနှစ်ယောက်ကို ဂွါတီမာလာ နိုင်ငံတကာလေဆိပ်မှာ ဖမ်းမိခဲ့တာပါ။ သူတို့ဟာ ပနားမားကို သွားမယ့် လေယာဉ်ကို စီးဖို့ ကြိုးစားနေခဲ့တာလို့ ရဲက ကြေညာချက် ထုတ်ပြန်ပါတယ်။ သူတို့နှစ်ယောက် ဂွါတီမာလာနိုင်ငံထဲမှာ ဥပဒေအကူအညီ ရနိုင်တာ သေချာအောင် လုပ်နေပြီး ပနားမားကို ပြောင်းရွှေ့ တရားစီရင်နိုင်ဖို့ ကြိုးစားနေတယ်လို့ မာတီနယ်လီ မိသားစုက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ဒါပေမဲ့ စွဲချက်တွေကိုတော့ မရည်ညွှန်းခဲ့ပါဘူး။ ဘရာဇီး ဆောက်လုပ်ရေးလုပ်ငန်း အိုဒေဘရန့်ချ်ဆီကနေ ပနားမားသမ္မတရဲ့ သားတွေက အမေရိကန် ဒေါ်လာ ၄၉ သန်း ရယူခဲ့တယ်လို့ ပနားမား အစိုးရရှေ့နေက ၂၀၁၇ မှာ စွပ်စွဲခဲ့ဖူးပါတယ်။ ဒီအမှုဟာ သူတို့ဖခင် သမ္မတလက်ထက်မှာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး လက်တံရှည်တဲ့ လာဘ်စားမှုဆိုင်ရာ ကိစ္စရပ်တွေရဲ့ ဆုံချက်လည်း ဖြစ်လာခဲ့ပါတယ်။ သမ္မတဟောင်း မာတီနယ်လီနဲ့ သူ့ကိုဆက်ခံသူ နောက်သမ္မတ ဟွမ်ကားလော့စ်ဗာလေရာ တို့ဟာ သီးခြားဖြစ်တဲ့ အဂတိလိုက်စားမှုတွေမှာ ငွေကြေးခဝါချမှုအတွက် စုံစမ်းစစ်ဆေးခံရပြီး ပနားမားနိုင်ငံထဲက ထွက်ခွာခွင့် ပိတ်ပင်ခံထားရပါတယ်။
8 months Ago
More News
Up