ပဒါန်းမြို့

April 12, 2021

ပဒါန်းမြို့တွင် စစ်အာဏာရှင်ပြုကျရေး ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်း၊ ၂ ဦးဖမ်းဆီးခံရ

ငဖဲမြို့နယ် ပဒါန်းမြို့မှာ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေတွေက ဖြိုခွင်းခဲ့ပြီး ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဒါန်းမြို့မှာ ဘေးပတ်ဝန်ကျင်ကျေးရွာတွေ ပူးပေါင်းပြီးတော့ စစ်အာဏာရှင်အမြစ်ပြတ်ကျရေးအတွက် တစ်ပြိုင်နက်တည်း စစ်ကြောင်း ၂ ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ရဲကား ၁ စီးနဲ့ စစ်ကား ၂ စီးရောက်လာပြီး ဆေးရုံရှေ့မှာ ဖြိုခွင်းခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းပြီးတော့ ဆန္ဒပြရာမှာ ပူးပေါင်းပါဝင်တဲ့ မြစ်ဖျားကျေးရွာက ပြည်သူ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းသွားလို့ သိရပါတယ်။

1 month Ago
Up