ပထမဦးစားပေး ကစားသမား

A d v e r t i s e m e n t With Us

June 16, 2020

ဂရစ်မန်းက ပထမဦးစားပေး ကစားသမားဖြစ်ကြောင်း ဘာစီလိုနာနည်းပြ ချီးကျူး

ဂရစ်မန်းဟာ အသင်းရဲ့ ပထမဦးစားပေး ကစားသမားတဦး ဖြစ်တယ်လို့ ဘာစီလိုနာနည်းပြ ဆက်တီယန်က ပြောပါတယ်။  ပြင်သစ်တိုက်စစ်မှူး ဂရစ်မန်းဟာ ပြီးခဲ့တဲ့ရာသီက အက်သလက်တီကိုကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ဘာစီလိုနာမှာ ထင်သလောက်ခြေစမ်းပြသနိုင်ခြင်း မရှိသေးတာပါ။  ဂရစ်မန်းရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းရာမှာ ဂရစ်မန်းဟာ အလိုအလျောက် ပထမဦးစားပေးကစားသမားဖြစ်ပြီး ထူးချွန်တဲ့ ကစားသမားတဦး ဖြစ်တယ်လို့ နည်းပြ ဆက်တီယန်က ပြောပါတယ်။  ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ပွဲစဉ်အနေအထားကို လိုက်ပြီး တခြားကစားသမားတွေကိုလည်း အခွင့်အရေးပေးဖို့ လိုအပ်တယ်ဆိုတာလည်း မှန်ကန်ကြောင်း ဆက်တီယန်က ဆိုပါတယ်။  ဂရစ်မန်းက အသင်းကို ဦးဆောင်ပေးနိုင်တဲ့ ကစားသမားတဦးဖြစ်ပြီး အားကိုးအားထားပြုရတဲ့ ကစားသမားလည်း ဖြစ်တယ်လို့ နည်းပြဆက်တီယန်က ချီးကျူးပါတယ်။  ဘာစီလိုနာတိုက်စစ်မှာ ဆွာရက်ဇ် ပြန်လည်ကစားနေပြီး အသင်းခေါင်းဆောင် မက်ဆီလည်း ခြေစွမ်းပြနေပါတယ်။  ကစားသမားတွေအနေနဲ့ အကောင်းဆုံး ခြေစွမ်းထုတ်ပြန်ကြဖို့ နဲ့ လာလီဂါချန်ပီယံဆုရယူနိုင်ဖို့ အမှားလုပ်လို့ မရကြောင်း အမြဲတမ်း တိုက်တွန်းထားတယ်လို့ နည်းပြဆက်တီယန်က ပြောကြားခဲ့ပါတယ်။
9 months Ago
Up