ပထမဦးဆုံးအကြိမ် ကျင်းပမည်

December 5, 2017

မြန်မာ-တရုတ် ချစ်ကြည်ရေး မာရသွန်ပြိုင်ပွဲ ပထမဦးဆုံးအကြိမ် ကျင်းပမည်

မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး နိုင်ငံတကာ မာရသွန်အပြေးပြိုင်ပွဲကို ပထမဦးဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၃၁ နေ့ ကျင်းပသွားမှာဖြစ်ပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့၊ ကျယ်ခေါင်မနောကွင်းကနေ စတင်တာထွက်မှာဖြစ်ပြီး မြန်မာဘက်ခြမ်း မူဆယ်မြို့အတွင်းကို နန်းတော်ပေါက်မှဝင်ကာ ပြည်ထောင်စုလမ်းမ၊ ထူးရှယ်လမ်း၊ မင်္ဂလာမူဆယ်ကို ပတ်ကာ ရွှေလီမြို့၊ နောင်မောင်းကန်ပန်းခြံမှာ ပန်းဝင်ရမှာပါ။ ပြိုင်ပွဲကို တာဝေးမာရသွန်ပြိုင်ပွဲ (အသက် ၁၈ နှစ်မှ ၆၀ ထိ)၊ တာလတ်မာရသွန်ပြိုင်ပွဲ (အသက် ၁၆ နှစ်မှ ၆၅ ထိ) နဲ့ တာတိုမာရသွန်ပြိုင်ပွဲ (အသက် ၁၃ နှစ်မှ ၆၅ ထိ) ဆိုပြီး ၃ မျိုး ခွဲခြားထားပါတယ်။ တာဝေး၊ တာလတ်၊ တာတို မာရသွန်ပြိုင်ပွဲတွေရဲ့ ဆုကြေးငွေတွေအနေနဲ့ ပထမဆုကြေးငွေအဖြစ် တရုတ်ယွမ် ၂၀၀၀၀၊ ၆၀၀၀၊ ၃၀၀၀ ကနေ စတင်ဆုချီးမြှင့်မှာဖြစ်ပြီး သတ်မှတ်ချိန်အတွင်း တန်းဝင်သူ အမျိုးသား၊ အမျိုးသမီး အယောက် ၅၀ ကို တရုတ်ယွမ် ၂၀၀၀၀ ကနေ ၃၀၀ ထိ ချီးမြှင့်သွားမှာပါ။ အထူးအစီအစဉ်အနေနဲ့ မြန်မာဘက်က ဝင်ရောက်ယှဉ်ပြိုင်ပြီး တန်းဝင်သူ ၈ ဦးကို ဆွေမျိုးပေါက်ဖော်ဆု ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အားကစားသမားဦးရေ ၅၀၀၀ သတ်မှတ်ထားပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံတကာက တရုတ်နိုင်ငံဘက်ခြမ်းကို စာရင်းပေးသွင်းထားသူ ၂၅၀၀ ဦးရှိပြီး မြန်မာနိုင်ငံဘက်ခြမ်းမှာတော့ စာရင်းပေးသွင်းထားသူ ၃၅၀ ဦး ရှိပါတယ်။ မြန်မာဘက်ခြမ်းက ပြိုင်ပွဲဝင်ချင်သူတွေအနေနဲ့ မူဆယ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှာ ပြိုင်ပွဲဝင်ပုံစံ၊ မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ ၅ ပုံနဲ့အတူ ဒီဇင်ဘာ ၁၀ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမှာပါ။ မြန်မာနိုင်ငံအရပ်ရပ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားသမားတွေကို မူဆယ်မြို့ ပြည်ထောင်စုအားကစားကွင်းက တည်းခိုဆောင်မှာ အခမဲ့ တည်းခိုနိုင်ဖို့ စီစဉ်ပေးထားပြီး မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်က မြန်မာ့လက်ရွေးစင်ဖြစ်ကြောင်း ထောက်ခံချက်ပါသူ အားကစားသမားအယောက် ၂၀ ရဲ့ စားသောက်နေထိုင်ရေးအတွက်ကတော့ တရုတ်အစိုးရက ရွှေလီမြို့မှာ အခမဲ့ စီစဉ်ပေးထားပါတယ်။ ဒါ့အပြင် မြန်မာအားကစားသမားတွေအနေနဲ့ ရွှေလီမြို့တွင်းက အထင်ကရနေရာ ၆ နေရာကို သွားရောက်လည်ပတ်မယ်ဆိုရင်လည်း အခကြေးငွေ မကောက်ခံဘူးလို့ သိရပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး နိုင်ငံတကာမာရသွန်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် အားကစားသမားတွေကို တရုတ်နိုင်ငံဘက်က အားကစားဝတ်စုံတွေ ပံ့ပိုးပေးသွားမှာဖြစ်ပြီး လုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုတော့ ပြိုင်ပွဲကာလအတွင်း နှစ်နိုင်ငံ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။
4 years Ago

January 5, 2017

ဂျပန်ရုပ်ရှင်ပွဲတော်အား မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပမည်

၁၃ ကြိမ်မြောက် ဂျပန်ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် ကျင်းပမှာ ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံမှာ ဇန်နဝါရီ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၇ ရက်တိုင်တိုင် ကျင်းပမှာပါ။ ၇ ရက်တာ ပြသမယ့် ရုပ်ရှင်ပွဲမှာ တက်သစ်စ ရုပ်ရှင်ရိုက်ကူးသူများနဲ့ နာမည်ကျော် ရုပ်ရှင်ရိုက်ကူးသူများမှ ဇာတ်လမ်းတိုများ၊ ဇာတ်လမ်းရှည်များ၊ ကာတွန်းရုပ်ရှင်များ ပြသသွားမှာ ဖြစ်ပါတယ်။ သတင်း - ပြည့်ဘုန်းအောင်
5 years Ago
Up