ပထမဆုံးရောက်လာသည့်

April 14, 2017

ပထမဆုံးရောက်လာသည့် ပန်ဒါဝက်ဝံကြီးများကို နယ်သာလန်နိုင်ငံသားများ ကြိုဆို (ရုပ်သံ)

ဧပြီ ၁၂ ရက်နေ့က နယ်သာလန်နိုင်ငံ ပထမဆုံးရောက်လာတဲ့ ပန်ဒါဝက်ဝံကြီးတွေကို နိုင်ငံသားတွေက ကြိုဆိုခဲ့ကြပါတယ်။ တရုတ်နိုင်ငံကနေ အမ်စတာဒမ်မြို့တော် စခစ်ပိုလေဆိပ်ကို ရောက်လာကြတဲ့ ပန်ဒါတွေကို ပန်ဒါဦးထုပ်တွေ ဆောင်းထားတဲ့ ကလေးတွေကလည်း ဝါးခက်တွေဝှေ့ယမ်းပြီး ကြိုဆိုခဲ့တာ တွေ့ရပါတယ်။ ရှင်းရာ နဲ့ ဝူဝမ် လို့ နာမည်ပေးထားတဲ့သူတို့ကို နိုင်ငံအလယ်က ရေးနင်မြို့မှာရှိတဲ့  အားဝါဟန်းတိရစ္ဆာန်ရုံမှာ ထားမှာဖြစ်ပါတယ်။ ရှားပါးပြီး အစားအသောက်ရွေးချယ်တတ်တဲ့ ပန်ဒါတွေကို တစ်ကမ္ဘာလုံးက တိရစ္ဆာန်ရုံတွေက လိုချင်နေကြတာပါ။ အခုပန်ဒါတွေ နေမယ့်အဆောက်အအုံအတွက် ကုန်ကျစရိတ်ကို တရုတ်ကုမ္ပဏီ အတော်များများက ကူညီလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
4 years Ago
Up